Connect with us

Politics, Law & Military

တရားဝင် ခွင့်ပြုချက် ရယူထားခြင်း မရှိသော ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများ နှင့် လုပ်ငန်း ဆောင်ရွက်ခြင်း မပြုရန် အသိပေး

ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အသိပေး ပန်ကြားချက်အား တွေ့ရစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ရန်ကုန် မြို့နေ ပြည်သူများ တရားဝင် ခွင့်ပြုချက် ရယူထားခြင်း မရှိသော ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီများ နှင့် လုပ်ငန်း ဆောင်ရွက်ခြင်း မပြုရန် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ အသိပေးခဲ့သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင်ရ ကုမ္ပဏီ အချို့သည် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်း Fiber Optic Cable များ ၊ ဆက်သွယ်ရေး တိုင်များနှင့် ဆက်စပ် ဆက်သွယ်ရေး ကိရိယာများ ၊ Wifi ချိတ်ဆက်မှု ကိရိယာများ တပ်ဆင် ချိတ်ဆွဲခြင်း နှင့် ဆက်သွယ်ရေး တိုင်များ စိုက်ထူခြင်း တို့ကို တရားဝင် ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ဆောင်ရွက်လျက် ရှိကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု အသိပေးချက်တွင် ဖော်ပြထားသည်။ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တရားဝင် ခွင့်ပြုချက် ရယူထားသော အဖွဲ့အစည်းမှာ MPT နှင့် Eager Communication Group နှစ်ခုသာ ရှိကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းတွင် တရားဝင် ခွင့်ပြုချက် ရယူထားခြင်း မရှိဘဲ လုပ်ငန်း ဆောင်ရွက်ထားသော ကုမ္ပဏီများ အနေဖြင့် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီသို့ တရားဝင် ခွင့်ပြုမိန့် လာရောက် လျှောက်ထားကြရန် အသိပေးခဲ့သည်။

သတ်မှတ် ကာလ အတွင်း လာရောက် ဆက်သွယ်ခြင်း မရှိသော ကုမ္ပဏီများမှ ဆက်သွယ် ထားသည့် Fiber Optic Cable များ ၊ ဆက်သွယ်ရေး တိုင်များနှင့် ဆက်စပ် ဆက်သွယ်ရေး ကိရိယာများ ၊ Wifi ချိတ်ဆက်မှု ကိရိယာများအား ဖြုတ်သိမ်းသွားမည့် အပြင် တည်ဆဲ ဥပဒေ ၊ နည်းဥပဒေများ နှင့် အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသိပေးခဲ့သည်။

ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် ဆက်သွယ်ရေး ကွန်ရက် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာ လုပ်ကိုင်နိုင်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ ၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း လိုင်စင်ရ ကုမ္ပဏီ များ နှင့် ပေါင်းစပ် ညှိနှိုင်း၍ ဆောင်ရွက် ပေးလျက် ရှိကြောင်း ဖော်ပြထားသည်။(Xinhua)