Connect with us

Politics, Law & Military

ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် အလားအလာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌတွေ့ဆုံစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် အလားအလာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU )ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ ယနေ့တွေ့ဆုံဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်းဖြစ်ပြီး တဒင်္ဂငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်းမဟုတ်ကြောင်း၊ ငြိမ်ချမ်းရေးရရှိရန်အတွက် ဆောင်ရွက်စဉ် တွေ့ကြုံ ရသည့် အခက်အခဲများကိုလည်း အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု၊ ကတိသစ္စာ တည်ကြည်မှုများနှင့် တွေ့ဆုံဆွေးနွေး၍ ကျော်လွှားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြား သည်။

ငြိမ်းချမ်းရေးဖြစ်စဉ် ပိုမိုတိုးတက်အောင်ဆောင်ရွက်နေမှု အခြေ အနေများ၊ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ဆောင်ရွက်ရန် အခြေအနေများနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်နိုင် မည့် အလားအလာအခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း တက်ရောက်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.