Connect with us

Politics, Law & Military

စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သန်းကျော် အားတရားခံ ၅ ဦးနှင့်အတူဖမ်းဆီးရမိ

(၁)မောင်တောတွင် ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား များ နှင့်အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- Information Committee)

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သန်းကျော် အားတရားခံ ၅ ဦးနှင့်အတူ ဘူးသီးတောင် နှင့် မောင်တော ဘက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၄ နာရီတွင် မူးယစ်ဆေးဝါးများအား အငူမော်-မောင်တောကားလမ်းအတိုင်း သယ်ဆောင်၍ မောင်တောမြို့နယ် ၊ ဇူလကျေးရွာသို့ ပို့ဆောင်မည်ဟု သတင်းအရ မောင်တော-ကြိမ်ချောင်းကားလမ်းနေရာတစ်ဝိုက်၌ ပိတ်ဆို့စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်တွင် ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား များ နှင့်အတူ ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ– Information Committee)

ထိုသို့စောင့်ဆိုင်းနေစဉ် ၆ နာရီခွဲတွင် မောင်တောမြို့နယ်၊ သရေကုန်းဘောင်(နတလ) ရွာနေ ယာဉ်မောင်း မောင်ဝင်းတင် (၁၈) နှစ် ၊ ယာဉ်နောက်လိုက် မောင်ကျော်ကျော်လင်း (၁၆) နှစ် နှင့် မောင်သိန်း (၁၉) နှစ် တို့ မောင်းနှင် လာသည့် ဟိုက်ဂျက် အမျိုးအစားယာဉ်မှာ ဇူလရွာအနီး ရပ်တန့်ကာ မသင်္ကာဖွယ်အထုပ်များအား လမ်းဘေးတွင် ချကာ ဇူလရွာဘက်မှ ရွာသား ၁၅ ဦး ခန့်က အဆိုပါ အထုပ်များအား လာရောက်သယ်ဆောင်၍ ဇူလရွာ ဘက်သို့ထွက်ပြေးသွားသည်ကို တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ အထုပ်များအား လယ်ကွင်းအတွင်းသို့ ချ၍ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံဖမ်းဆီးရာတွင် WY/R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၉၅၅,၅၀၀ ပြား၊ တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၉,၁၁၀ အား ဟိုက်ဂျက်ယာဉ်၊ ယာဉ်မောင်း မောင်ဝင်းတင် နှင့် ယာဉ်နောက်လိုက် ၂ ဦး တို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၇ နာရီတွင် ပရိုဘောက် အဖြူရောင်ယာဉ် ၁ စီးသည် ဘူးသီးတောင်မြို့၊ အနောက်ရပ်ကွက်၊ ဂန္ဓာရီ ပရဟိတဘုန်းကြီးကျောင်း ဝန်းအတွင်းရှိ ဓမ္မာရုံဟောင်းအနီးသို့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါးဟု ယူဆရသည့် ဆာလာအိတ် ၂ အိတ် လာရောက်ထားသွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးစဉ် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံဟောင်းအတွင်း၌ အဝါရောင်ဆာလာအိတ် ၂ အိတ်ဖြင့်ထည့်ထားသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၃၁၆၀၀၀ ပြား ၊ တန်ဖိုးငွေကျပ် သိန်းပေါင်း ၆၃၂၀ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေခဲ့ရာ ပရိုဘောက်ယာဉ်နှင့်အတူ ဘားအံမြို့နေသူ ခန့်အောင် (၄၀) နှစ် နှင့် လှိုင်သာယာမြို့နယ်နေသူ နေစိုးဦး (၄၆) နှစ်တို့ ၂ ဦးအား ဘူးသီးတောင်မြို့နယ်၊ မီးရထားဆိပ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် တွေ့ရှိသဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ စစ်ဆေးမေးမြန်းရာတွင် အဆိုပါ စိတ်ကြွဆေးပြားများအား ၎င်းတို့ကိုယ်တိုင် သယ်ဆောင်လာ ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117