Connect with us

Politics, Law & Military

တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် တည်ငြိမ်ရေးကို အမြန် ဖော်ဆောင်သင့်ကြောင်း ပန်ခမ်းမြို့ ထုတ်ပြန် ကြေညာချက် ထဲတွင် ဖော်ပြ

ပန်ခမ်းမြို့ အစည်းအဝေးမှ ထုတ်ပြန် ကြေညာချက်ကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခကို ဖြေရှင်းနိုင်ရန် အတွက် နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့်တကွ၊ တရုတ်နိုင်ငံ အစိုးရ၊ တရုတ်နိုင်ငံ စစ်ဘက် တာဝန်ခံများမှ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး၊ ပြဿနာများ ညှိနှိုင်း ဖြေရှင်းကာ တရုတ်-မြန်မာ နယ်စပ် တလျှောက်တွင် တည်ငြိမ်ရေးကို အမြန် ဖော်ဆောင်သင့်ကြောင်း ပန်ခမ်းမြို့ ထုတ်ပြန် ကြေညာချက် ထဲတွင် ထည့်သွင်း ကြေညာခဲ့သည်။

ပန်ခမ်း ကြေညာချက်တွင် အချက်ပေါင်း ၇ ချက် ပါရှိပြီး၊ အစိုးရသစ် မပေါ်ပေါက်မီ ကြားကာလတွင် တပ်မတော် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ရပ်တန့်ပေးရန် ဆိုသည့် အချက်အားလည်း ထည့်သွင်းထားသည်။

အထွေထွေ ရွေးကောက်ပွဲ ပြီးသည့်နောက် ပေါ်ပေါက်လာသည့် အစိုးရသစ်နှင့် ပူးပေါင်း ပါဝင်၍ နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲကြီး အမြန်ဆုံး ဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း၊ နောင်တက်လာမည့် အစိုးရသစ်နှင့် နိုင်ငံ့ ခေါင်းဆောင်များ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် လွှတ်တော်ပြင်ပမှ နိုင်ငံရေး အင်အားစုများနှင့် ပူးပေါင်း၍ အမြန်ဆုံး လုပ်ဆောင်သွားရန် တိုက်တွန်းကြောင်း ကိုလည်း ပန်ခမ်း အစည်းအဝေး၏ ထုတ်ပြန်ချက် တွင် ထည့်သွင်း ထားသည်။
ပန်ခမ်းမြို့တွင် ကျင်းပသည့် အဆိုပါ ထိပ်သီး ခေါင်းဆောင် အစည်းအဝေးတွင် ကချင် လွတ်လပ်ရေးအဖွဲ့ / ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIO/KIA ၊ မြန်မာ အမျိုးသား အမှန်တရား နှင့် တရားမျှတရေး ပါတီ/ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ MNYJP/MNDAA ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ရက္ခိုင် အမျိုးသား အဖွဲ့ချုပ်၊ ရက္ခိုင့် တပ်မတော် ULA/AA၊ ရှမ်းပြည် တိုးတက်ရေး ပါတီ / ရှမ်းပြည် တပ်မတော် SSPP/SSA ၊ ကရင် အမျိုးသား ကာကွယ်ရေး အစည်းအရုံး KNDO၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP၊ ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၊ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA ၊ ကယန်း ပြည်သစ် ပါတီ KNLP ၊ ဝပြည် သွေးစည်း ညီညွတ်ရေး ပါတီ UWSP/UWSA စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် လေ့လာသူ စုစုပေါင်း ၅၄ ဦး၊ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)