Connect with us

Politics, Law & Military

သူရ ဦးရွှေမန်းအား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း ကောလာဟလသာ ဖြစ်ကြောင်း ပြည်ခိုင်ဖြိုး သတင်း ထုတ်ပြန်

ပြည်ထောင်စု လွှတ်တော်နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီက CEC အစည်းအဝေး ပြုလုပ်ကာ သူရ ဦးရွှေမန်းအား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း အင်တာနက် စာမျက်နှာ FB များတွင် ရေးသားထားမှုများ ရှိနေရာ အဆိုပါ ရေးသားမှုသည် ကောလာဟလသာ ဖြစ်ကြောင်း ပြည်ထောင်စု ကြံံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက တရားဝင် သတင်း ထုတ်ပြန်သည်။

အဆိုပါ နိုဝင်ဘာလ ၃ ရက်နေ့တွင် ပါတီ ဗဟို အလုပ်အမှုဆောင် ကောင်စီ အစည်းအဝေး မကျင်းပကြောင်း နှင့် ပါတီ ဗဟို အလုပ်အမှုဆောင်များ အားလုံးသည် သက်ဆိုင်ရာ မဲဆန္ဒနယ် အသီးသီးတွင် ရောက်ရှိ နေကြပါကြောင်း ၊ ပါတီ ဌာနချုပ်တွင်လည်း မဲရုံ ကိုယ်စားလှယ်နှင့် မဲရုံအကူ သင်တန်း ဖွင့်လှစ်လျက် ရှိကြောင်း၊

အင်တာနက် စာမျက်နာများတွင် ပျံ့နှံ့လျက်ရှိသော အဆိုပါ သတင်းသည် ကောလာဟလသာ ဖြစ်ပါကြောင်း နှင့် ရေးသား ဖြန့်ဝေမှုများအား ရပ်တန့်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စု လွှတ်တော်နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းသည် ယနေ့တွင် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ၎င်းဝင်ရောက် ယှဉ်ပြိုင်မည့် ဖြူးမြို့နယ်တွင် မဲဆွယ် စည်းရုံးလျက် ရှိကြောင်း ဦးရွှေမန်း အောင်နိုင်ရေးတွင် ပါဝင် ဆောင်ရွက်ပေးနေသူက ဆင်ဟွာကို ယနေ့ ပြောကြားသည်။ (Xinhua)