Connect with us

Politics, Law & Military

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းအတွက် ဥက္ကဋ္ဌ တာဝန် လွှဲပြောင်း ပေးအပ်

လွှတ်တော် ဥက္ကဋ္ဌ တာဝန်များ လွှဲပြောင်းပေးအပ်နေစဉ် (ဓာတ်ပုံ- Thura U Shwe Mann facebook)

နေပြည်တော် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် စတင် တာဝန် ထမ်းဆောင်မည့် ဦးဝင်းမြင့် ထံသို့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် သက်တမ်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည် သူရ ဦးရွှေမန်းက လွှတ်တော် ဥက္ကဋ္ဌ တာဝန်များကို ယနေ့ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ် အချိန်တွင် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သူရ ဦးရွှေမန်း၏ လူမှု ကွန်ရက် စာမျက်နှာမှ တဆင့် ထုတ်ပြန်ခဲ့သည်။

လွှတ်တော် ဥက္ကဋ္ဌ တာဝန်များ လွှဲပြောင်းပွဲသို့ တက်ရောက်လာသူများအားတွေ့ရစဉ် (ဓာတ်ပုံ- Thura U Shwe Mann facebook)

ထိုသို့လွှတ်တော် ဥက္ကဋ္ဌ တာဝန်များကို လွှဲပြောင်း ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်မည့် ဦးတီခွန်မြတ် ၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန် ပြီးဆုံးသွားခဲ့သော ဦးနန္ဒကျော်စွာ အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.