Connect with us

Politics, Law & Military

ဒီမိုကရေစီရှင်သန်ရန်နှင့် လူ့အခွင့်အရေး မြှင့်တင်နိုင်ရန် အတူတကွ လက်တွဲအကောင်အထည် ဖော်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ယနေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဒီမိုကရေစီ ရှင်သန်ရန်နှင့် လူ့အခွင့်အရေး မြှင့်တင်နိုင်ရန် အတူတကွ လက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားသည်။

အဆိုပါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ လွှတ်တော်အတွင်း ပြောကြားသော နှုတ်ခွန်းဆက်စကားတွင် မြန်မာနိုင်ငံရေးသမိုင်းတွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် ဂုဏ်ယူစရာ နေ့တစ်နေ့ဖြစ်ပြီး ဒီမိုကရေစီ အခွင့်အလမ်းများ ပွင့်လန်းလာစေရန်နှင့် နိုင်ငံသူ နိုင်ငံသား အကျိုး ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကွက်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်သည် ဒုတိယ ဥက္ကဋ္ဌအဖြစ် ယနေ့ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြု လက်မှတ်ရေးထိုးလိုက်ပြီး လွှတ်တော်တာဝန်များကို စတင် ထမ်းဆောင်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ တင်သွင်းလွှာ ပုံစံဖြင့် တင်သွင်းခဲ့ရာ တင်သွင်းလွှာတစ်စောင်သာ နာယကထံတင်သွင်းပြီး ယင်းတင်သွင်းလွှာ၌ ဦးဝင်းမြင့် နှင့် ဦးတီခွန်မြတ်သာ ရွေးချယ်သဖြစ် ၎င်းတို့ကို ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ အဖြစ် တင်မြှောက် လိုက်သည်။

ဒုတိအကြိမ် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၄၃၃ ဦးရှိရာ ၄ ဦးခွင့်တိုင်ကြားသဖြင့် ယနေ့ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ ဦး ကတိသစ္စာပြုပြီး လက်မှတ်ရေးထိုးကြသည်။

ယင်းလွှတ်တော်သို့ ခွင့်တိုင်ကြားသူများသည် လားရှိုး မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဇီးကုန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ မင်းကင်းမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မြင့် အပါအဝင် အမတ် လေးဦးတို့ဖြစ်သည်။

အဆိုပါ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့တွင် သဘာပတိအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ခင်ဌေးကြွယ် (ချောင်းဆုံ) ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် ဒုတိယ ဥက္ကဌ ရွေးချယ် တင်မြှောက်ပေးခဲ့သည်။

ယနေ့ကျင်းပပြီးစီးသွားသော ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ဥက္ကဋ္ဌအဖြစ်ခန့်အပ်ခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းမြင့်သည် မူလနေထိုင်လျှက်ရှိရာ စည်ပင်ဧည့်ရိပ်သာမှ လွှတ်တော်ဥက္ကဋ္ဌနေအိမ်သို့ ယနေ့ ပြောင်းရွှေ့မည်ဖြစ်သည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အသစ်၏ ပထမနေ့ အစည်းအဝေးကို လွှတ်တော် ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌများရွေးချယ်တင်မြောက်ပြီးနောက် ရပ်နားလိုက်ပြီးဒုတိယနေ့ အစည်းအဝေးကို ဖေဖော်ဝါရီလ ၄ ရက် (ကြာသပတေး) နံနက် ၁၀ နာရီ တွင် ပြုလုပ်သွားမည်ဖြစ်သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် ၂၅၅ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၃၀ ဦး၊ ရခိုင်အမျိုးသားပါတီ ၁၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ၁၂ ဦး၊ တအာင်း(ပလောင်အမျိုးသား)ပါတီ ၃ ဦး၊ ပအိုင်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ၃ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၂ ဦး၊ လီဆူးအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ(ဒူးလေးပါတီ) ၂ ဦး၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ၁ ဦး၊ ‘ ဝ’ ဒီမိုကရက်တစ်ပါတီ ၁ ဦး၊ ကိုးကန့်ဒီမိုကရေစီ နှင့်ညီညွတ်ရေးပါတီ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး စုစုပေါင်း ၄၃၃ ဦးတက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.