Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည်မှ ဒုတိယ သမ္မတလောင်း ရွေးချယ်မှုများကို လွှတ်တော်အမတ်များသို့ ရှင်းလင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒုတိယ သမ္မတလောင်း ရွေးချယ်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ သို့ တက်ရောက်စဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ တင်သွင်းသော ဒုတိယ သမ္မတလောင်းနှစ်ဦး ရွေးချယ်မှုများကို အဖွဲ့ချုပ်၏ လွှတ်တော် ကိုယ်စားလှယ်များသို့ ရှင်းလင်း ပြောကြားသည်။

အဆိုပါ ဒုတိယ သမ္မတလောင်း ရွေးချယ်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲကို နေပြည်တော် စည်ပင်ရိပ်သာတွင် ပြုလုပ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၄၀၀ နီးပါး တက်ရောက်ခဲ့သည်။ ပြည်သူ့လွှတ်တော် အစုအဖွဲ့မှ တင်သွင်းသော ဦးထင်ကျော်ကို ရွေးချယ်ရာတွင် သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု ၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ပြည်သူများ လေးစားကြည်ညိုသည့် ပညာတတ် ပုဂ္ဂိုလ် ဖြစ်ရမည်ဆိုသည့် မူ ၃ ချက် ရွေးချယ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားလွှတ်တော် အစုအဖွဲ့မှ တင်သွင်းသော ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို တိုင်းရင်းများ တန်းတူညီမျှရေး အတွက် ရွေးချယ်ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒုတိယ သမ္မတလောင်း ရွေးချယ်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ အားတွေ့ရစဉ် (ဆင်ဟွာ)

ယနေ့တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ရွေးချယ်မည့်နေ့ မတိုင်မီ အထိ အမတ်အားလုံး ခရီးမသွားကြရန်၊ ကျန်းမာရေး ဂရုစိုက်ကြရန်၊ အမတ်များကို ဦးဝင်းထိန်က ဆူပူခြင်း မပြုလုပ်ရန် ၊ မဲပေးရာတွင် ဂရုတစိုက် မဲပေးကြရန် မှာကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.