Connect with us

Politics, Law & Military

နယ်စပ်ရေးရာဝန်ကြီးနှင့် ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်တို့ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး

နယ်စပ်ရေးရာဝန်ကြီးနှင့် ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်တို့တွေ့ဆုံဆွေးနွေးစဉ် (နယ်စပ်ရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်၊ UNDP ၏ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Haoliang Xu တို့သည် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရအဖွဲ့ အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ကုလသမဂ္ဂမှ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များအပေါ် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ရခိုင်ပြည်နယ်အတွင်း ဦးစားပေးလုပ်ငန်းများဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ IDP စခန်းများ ပိတ်သိမ်းရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးတို့နှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ၏ လက်ရှိဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူ အညီများ ထိထိရောက်ရောက်ပေးအပ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးကိစ္စ ရပ်များ၊ ဒေသဖွံ့ဖြိုးရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေးနှင့် သဟဇာတဖြစ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.