Connect with us

Politics, Law & Military

နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင် အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ဖွဲ့စည်း

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီအား ဥက္ကဋ္ဌ အဖြစ် သုံးခွ မဲဆန္ဒနယ်မှ ဒေါ်စုစုလွင် ၊ အတွင်းရေးမှူး အဖြစ် စမ်းချောင်း မဲဆန္ဒနယ်မှ ဦးဘိုဘိုဦး အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်း တာဝန် ပေးအပ်ကြောင်း ယနေ့ဖေဖော်ဝါရီလ ၁၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ကြေညာ ခဲ့သည်။

နိုင်ငံတကာ ဆက်ဆံရေး ကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း ၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကို ယနေ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုချက် ရယူခဲ့ပြီးနောက် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီအား ယနေ့အတည်ပြု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.