Connect with us

Politics, Law & Military

အမေရိကန်-အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးသည် အာဆီယံနှင့် အမေရိကန် နိုင်ငံကြား ဆက်ဆံရေးကို တစ်ဆင့်မြှင့်လိုက်သည့် အစည်းအဝေး ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် ပြောကြား

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ် မီဒီယာများနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ- MRTV)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်-အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်း အဝေးသည် အာဆီယံနှင့် အမေရိကန် နိုင်ငံကြားရှိ ဆက်ဆံရေးကို တစ်ဆင့်မြှင့်လိုက်သည့် အစည်းအဝေး ဖြစ်၍ အာဆီယံ အကျိုးရှိပါက မြန်မာနိုင်ငံလည်း အကျိုးရှိမည် ဖြစ်ကြောင်း အစည်းအဝေး ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က သတင်း မီဒီယာများသို့ပြောကြားခဲ့သည်။

အစည်းအဝေး အခြေအနေနှင့် ပတ်သက်၍ “ဆွေးနွေးပွဲက နှစ်ရက် လုပ်ပါတယ်။ပထမဆုံး တစ်ရက်ကတော့ စီးပွားရေးနဲ့ဆိုင်တာပေါ့။ပထမနေ့မှာ သတင်းအချက်အလက် နည်းပညာ ၊ ဒီဂျစ်တယ် နည်းပညာကို သုံးပြီးတော့ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲ။လူငယ် စီးပွားရေး တီထွင် ဆန်းသစ်တဲ့ အကြံဉာဏ်တွေကို ဘယ်လို အသုံးချမလဲ။ဒါတွေကို အဓိကထား ကျွန်တော်တို့ ဆွေးနွေးခဲ့ ပါတယ်။ အမေရိကန် နိုင်ငံ အနေနဲ့အဲဒါမျိုးတွေကို အာဆီယံ နိုင်ငံတွေထဲမှာ ဦးစားပေးပြီးတော့ ဖော်ထုတ် ပေးနိုင်ဖို့အတွက် သူတို့ရဲ့စီမံကိန်း ၃ ခုကို အဆိုပြုပါတယ်။ဒါတွေ အားလုံးကိုလည်း လက်ခံ လိုက်တယ်။ ဒီနေ့မှာ လုံခြုံရေး နဲ့ပတ်သက်တာပေါ့။အဓိကအားဖြင့် တောင်တရုတ် ပင်လယ်နဲ့ပတ်သက်တဲ့ ကိစ္စတွေ ဆွေးနွေးတယ်။ပြီးရင် နိုင်ငံဖြတ်ကျော် မှုခင်းတွေ ၊ ရောဂါ ကိစ္စတွေ ဆွေးနွေးတယ်။ပြီးရင် တရားမဝင် လူကုန်ကူးမှု ကိစ္စတွေ ကျွန်တော်တို့ဆွေးနွေးတယ်။နှစ်ရက်လုံးမှာ အာဆီယံနဲ့အမေရိကန် ကြားမှာ မဟာဗျူဟာ ဆွေးနွေးပွဲ အဆင့်ကို ရောက်သွားတာပေါ့။ ဒါကြောင့်မို့ အများကြီးလည်း အကျိုးရှိပါတယ်။”ဟု ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

အစည်းအဝေးအတွင်း၌ မြန်မာနိုင်ငံဘက်မှ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများသို့ ပေးအပ်သော အထူးအခွင့်အရေးများ ပေးအပ်ခြင်း နှင့် ကျန်ရှိနေသော စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှား ပေးရန် လိုအပ်သည့် အခြေအနေ များကို ဆွေးနွေးခဲ့ပြီး အမေရိကန် နိုင်ငံ ဘက်မှလည်း မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ကြည့်၍ စဉ်းစား ဆောင်ရွက်ပါမည်ဟု ပြောခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

အမေရိကန်-အာဆီယံ ခေါင်းဆောင်များထိပ်သီး အစည်း အဝေးအား အမေရိကန်နိုင်ငံ၌ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့မြန်မာနိုင်ငံမှ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဦးဆောင် တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.