Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် စတင်


နေပြည်တော် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတဦးထင်ကျော် နှင့် ဇနှီးဒေါ်စုစုလွင်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ ဧပြီ ၆ ရက် နံနက်ပိုင်း အချိန်တွင် အထူးလေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတ၏ ချစ်ကြည်ရေးခရီးစဉ်တွင် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ နှင့် ဇနီးအား နေပြည်တော် လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြစဉ် (ဓာတ်ပုံ-MOFA)

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.