Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အာရှ- ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်)အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ၏ အလွတ်သဘောဆွေးနွေးပွဲကျင်းပနေစဉ် (ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်)အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ၏ (Partenering For New Dynamism For a Comperhensively Connnected and Integrated Aisa – Pacific) ခေါင်းစဉ် ဖြင့်ကျင်းပသည့် အလွတ်သဘောဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄နာရီ မိနစ်၄ဝတွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ရှိ ဒါနန်းFurama Resort ၌ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အလွတ်သဘောဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများနှင့် အေပက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိ ကြီးများ၊ စီးပွားရေးဆိုင်ရာထိပ်တန်းအရာရှိကြီးများနှင့် အေပက်အဖွဲ့ဝင်မဟုတ်သော နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ၊ ဝန်ကြီးများနှင့်အဆင်မြင့်အရာရှိ ကြီးများ တက်ရောက်ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် အေပက်နှင့်အာဆီယံအကြား ပေါင်းစည်းဆက်သွယ်မှု ၊ စည်းလုံးမှု၊ ပူပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒါနန်းမြို့ရှိ Sharaton Resort၌ ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်နှင့် ဇနီး ငုရင်ထိဟီရမ်တို့က အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(အေပက်) အဖွဲ့ဝင်နိုင်ငံခေါင်း ဆောင်များ အလွှတ်သဘော ဆွေးနွေးပွဲသို့တက်ရောက်လာကြသော အာဆီယံနိုင်ငံ များနှင့် အေပက်အဖွဲ့ဝင်နိုင်ငံ များမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ စီးပွားရေးဆိုင်ရာထိပ်တန်းအရာရှိကြီးများနှင့် အေပက်အဖွဲ့ဝင်မဟုတ် သောနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အကြီးအကဲများ၊ ဝန်ကြီးများနှင့်အဆင့်မြင့် အရာရှိကြီးများအား တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.