Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပြဌာန်းချက်များအား ဝန်ကြီးဌာန၏ မူဝါဒ အဖြစ် ချမှတ် ဆောင်ရွက်မည်

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအား ဝန်ကြီးဌာန၏ မူဝါဒ အဖြစ် ချမှတ်ထားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပေးအပ်သည့် အခြား လုပ်ငန်းတာဝန်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

“တိတိကျကျ ခွဲခြားပြီး ပြောရရင် နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေတဲ့ ကျောင်းသား ကျောင်းသူတွေ၊ လွတ်မြောက်ဖို့၊ နိုင်ငံတော် သမ္မတရုံး ပြင်ဆင်ဖွဲ့စည်းဖို့ နဲ့ ရုံးလုပ်ငန်းတွေ စနစ်တကျ စီမံခန့်ခွဲဖို့၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးဗဟိုဌာန (MPC) ကို အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းဖို့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းဖို့နဲ့ ဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အကြို ပြင်ဆင်ဖို့ ဆောင်ရွက်သွားပါ့မယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ပြောသည်။
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စု ဝန်ကြီးဌာနများ ၊ တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့များ အကြား လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား လိုအပ်သည့်အခါများတွင် ကြားခံ အဖြစ် ဆောင်ရွက်ပေးရန် ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဖွဲ့စည်းရန်နှင့် လုပ်ငန်းတာဝန်များ ပုံမှန်ဆောင်ရွက်နိုင်ရန် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပေးအပ်သည့် တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်က ပြဋ္ဌာန်းခဲ့ပြီး ယင်း ဥပဒေပါ ပြဌာန်းထားသော ရည်ရွယ်ချက်များ ဖြစ်သည့် ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး ၊ ဈေးကွက် စီးပွားရေး စနစ် ပီပြင်ရေး ၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ကို လက်ရှိ ဆောင်ရွက်နေသကဲ့သို့ ဆက်လက် ဆောင်ရွက်သွားမည့် တာဝန်များ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.