Politics, Law & Military
နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ၅ ရက်ကြာ မွန်ဂိုလီးယား နိုင်ငံ ခရီးစဉ် ဇူလိုင် ၁၃ ရက် စတင်မည်
ရန်ကုန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် အာရှ- ဥရောပဆွေးနွေးပွဲ (အေဆမ်) ၏ (၁၁) ကြိမ်မြောက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့သို့ မြန်မာနိုင်ငံမှ ဇူလိုင်လ ၁၃ ရက်တွင် စတင် ထွက်ခွာမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ပြောသည်။
မွန်ဂိုလီးယား ခရီးစဉ်မှာ ဇူလိုင်လ ၁၃ ရက်မှ ၁၇ ရက်ထိ ၅ ရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း အသေးစိတ် သတင်းထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် အစိုးရသစ် လက်ထက် ပထမဆုံး ပြည်ပ ခရီးစဉ် အဖြစ် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ မေလအတွင်း သွားရောက် ခဲ့ပြီး ယခု ခရီးစဉ်သည် ဒုတိယမြောက် ပြည်ပ ခရီးစဉ် ဖြစ်သည်။
ယခု အစိုးရသစ် လက်ထက်တွင် မွန်ဂိုလီးယား နိုင်ငံ သမ္မတ မစ္စတာ ဇတ်ခ်ဟီးလ်ယာဒ် အယ်လ်ဘတ်ခ် ဒေါ့ဂျ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ဇွန်လ အတွင်း လာရောက်ခဲ့ပြီး ခရီးစဉ် အတွင်း “မွန်ဂိုလီးယားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံပညာ ဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့အကြား ယဉ်ကျေးမှု ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ” လက်မှတ် ရေးထိုးခဲ့သည်။
မြန်မာ-မွန်ဂို နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးသည် ယခုချိန်တွင်နှစ် (၆၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)