Connect with us

Politics, Law & Military

နေပြည်တော်ကောင်စီ၏ လုပ်ငန်း ၁၄၃၀ ကျော် အတွက် ကျပ် ၄၁ ဘီလျံကျော် သုံးစွဲခဲ့ဟုဆို

အစိုးရသစ် တစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းပွဲတွင် နေပြည်တော် ကောင်စီ အတွင်းရေးမှူး ဦးဝင်းရှိန် ရှင်းလင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂ ရက် (ဆင်ဟွာ)

အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း ပြည်ထောင်စုနယ်မြေနေပြည်တော် ကောင်စီသည် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ဆည်- ကန်၊ လျှပ်စစ်မီးလင်းရေး ရေရရှိရေးနှင့် အခြား ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ပါဝင်သည့် လုပ်ငန်း စုစုပေါင်း ၁၄၃၁ ခုတို့အတွက် ကျပ် ၄၁ ဒသမ ၆၃၂ ဘီလျံ သုံးစွခြဲံသည်ဟု နေပြည်တော် ကောင်စီ အတွငးရေးမှူး ဦးဝင်းရှိန်က ပြန်ကြားရေး ဝန်ကြီးရုံး တွင် ယနေ့ ညနေ ပြုလုပ်သည့် အစိုးရသစ် လက်ထက် တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှုများ သတင်းစာ ရှင်းပွဲတွင် ပြောကြားခဲ့သည်။

“နေပြည်တော် ကောင်စီနယ်မြေမှာ ခရိုင်နှစ်ခု၊ မြို့နယ် ရှစ်မြို့နယ်၊ ရပ်ကွက် ၅၇ခု၊ ကျေးရွာအုပ်စု ၁၈၇ ခု၊ ကျေးရွာ ၇၉၅ ရွာ၊ အိမ်ခြေ ၂၄၂၃၅၁ အိမ်၊ အိမ်ထောင်စု ၂၄၈၈၅၃ စု၊ လူဦးရေ ၁၀၆၃၂၁၆ ဦး ရှိပါတယ်၊ wpfESpfwmumvtwGif;rSm ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ဆည်- ကန်၊ လျှပ်စစ် မီးလင်းရေး ရေရရှိရေးနဲ့ ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာ ပါတဲ့ လုပ်ငန်း စုစုပေါင်း ၁၄၃၁ ခုတို့ အတွက် ကျပ် ၄၁၆၃၂ ဒသမ ၂၄၇ သန်း အကုန်အကျခ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပါတယ်” ဟု၎င်းက ပြောသည်။

ပညာရေး လုပ်ငန်း ၁၄၆ ခုအတွက် ကျပ် ၅၄၁၄ ဒသမ ၃၂၉ သန်း၊ ကျန်းမာရေး လုပ်ငန်း ၄၅ ခု အတွက် ကျပ် ၆၃၆၆ ဒသမ ၄၀၄ သန်း၊ လမ်း တံတား လုပ်ငန်း ၁၉၄ ခုအတွက် ကျပ် ၁၂၂၅၉ ဒသမ ၃၀၇ သန်း၊ ဆည် – ကန် လုပ်ငန်း ၁၉၀ ခုအတွက် ကျပ် ၈၀၁၁ ဒသမ ၃၆ သန်း၊ မီးလင်းရေး လုပ်ငန်း ကိုးခုအတွက် ကျပ် ၁၅၆၀ ဒသမ ၉၅၂ သန်း၊ ရေရရှိရေး လုပ်ငန်း ၄၅ ခုအတွက် ကျပ် ၆၉၈၈ ဒသမ ၆၁၄ သန်း နှင့် အခြား ဖွံ့ဖြိုးရေး လုပ်ငန်း ၂၅ ခုတို့အတွက် ကျပ် ၁၀၃၁ ဒသမ ၂၈၁ သန်း တို့ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

ပညာရေးကဏ္ဍ၌ ဆရာဆရာမများ ခန့်ထားမှုတွင် ၂၀၁၆ -၁၇ ပညာသင်နှစ်အတွက် ထက် – လယ် – မူ ဆရာ ဆရာမ ဦးရေမှာ ယမန်နှစ်ကထက် ၈၈၅ ဦး တိုးမြင့် ခန့်ထားနိုင်ခဲ့ရာ ဆရာနှင့် ကျောင်းသား အချိုးတို့သည် အထက်တန်းအဆင့်တွင် ၁ အချိုး ၂၊ အလယ်တန်းအဆင့်တွင် ၁ အချိုး ၂၅၊ မူလ တန်း အဆင့်တွင် ၁ အချိုး ၃၁ ဦး ရှိကြောင်း၊ ကျန်းမာရေး ကဏ္ဍတွင်လည်း ဆရာဝန်နှင့် လူဦးရေ အချိုးမှာ ၁ အချိုး ၁၉၃၃ သူနာပြုနှင့် လူဦးရေ အချိုးမှာ ၁ အချိုး ၁၀၅၆ ဦး ဖြစ်ကြောင်း၊ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်အတွင်း အခွန်အခ ကောက်ခံရရှိမှုမှာ ကျပ်သန်း ၂၁၁၇၂၆ ဒသမ ၈၄၂ ရှိပြီး မူလ လျာထား ချက်နှင့်ယှဉ်လျှင် ၁၀၈ ဒသမ ၆၉ ရာခိုင်နှုန်း ကောက်ခံရရှိခဲ့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြော ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.