Connect with us

Politics, Law & Military

နေပြည်တော် ကောင်စီကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်း

နိုင်ငံတော်သမ္မတရုံး ကြေညာချက်အား တွေ့ရစဉ်

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

နေပြည်တော် ကောင်စီကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ခြောက်ဦးဖြင့် စတင် ဖွဲ့စည်း လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ နေပြည်တော် ကောင်စီကို ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ကောင်စီဝင်များအဖြစ် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးအောင်မြင့်ထွန်း၊ ဦးတင်ထွန်း၊ ဦးတင်ထွဋ်နှင့် ဦးအေးမောင်စိန်တို့အား တာဝန်ပေး ခန့်အပ်လိုက်သည်။

နေပြည်တော် ကောင်စီ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဂ) ပြဌာန်းချက် အရ နေပြည်တော် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အကြီးအမှူးသည် ရာထူးအလျောက် နေပြည်တော် ကောင်စီ၏ အတွင်းရေးမှူး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.