Connect with us

Politics, Law & Military

ရန်ကုန်မြစ်ကြောင်း အတွင်းနှင့် ရေပိုင် နက်အတွင်း မတော်တဆ ဆီယိုဖိတ်မှု ဖြစ်ပွားပါက ကမ္ဘာ့ ရေကြောင်း အဖွဲ့ဲ နှင့် ပူးပေါင်း၍ ဆီယိုဖိတ်မှု ဖြစ်စဉ် ကြိုတင် တုံ့ပြန်ရှင်းလင်း ရေးစီမံချက်ကို ရေးဆွဲသွားမည်

ရန်ကုန်မြစ်တွင် သွားလာနေသော ကုန်သေတ္တာတင် သင်္ဘော တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-- ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန် မြစ်ကြောင်း အတွင်းနှင့် ရေပိုင်နက် အတွင်း မတော်တဆ ဆီယိုဖိတ်မှု ဖြစ်ပွားပါက အရေးပေါ် ဖြေရှင်းနိုင်ရန် ကမ္ဘာ့ ရေကြောင်းအဖွဲ့ဲ နှင့် ပူးပေါင်း၍ ဆီယိုဖိတ်မှု ဖြစ်စဉ် ကြိုတင် တုံ့ပြန်ရှင်းလင်း ရေးစီမံချက်ကို ရေးဆွဲသွားမည် ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မကြာမီကာလ အတွင်း ကျောက်ဖြူ မဒေးကျွန်း ရေနံတင် ဆိပ်ကမ်း၏ Super Tanker Terminal တွင် တန်ချိန် သုံးသိန်းအထိ သယ်ဆာင်နိုင်မည့် ရေနံစိမ်း သင်္ဘော ဝင်ထွက် သွားလာမှုများ၊ ရေနံပိုက်လိုင်းမှ တစ်ဆင့် ရေနံစိမ်းများ ရွှေ့ပြောင်းသည့် အခါ မတော်တဆ ဆီယိုဖိတ်မှုများ ဖြစ်လာနိုင်သည့် အတွက် ကြိုတင် ပြင်ဆင် ထားရှိရန် လိုအပ်သဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် အာဆီယံ ရေပိုင်နက် အတွင်း ပင်လယ်ပြင် ဆီယိုဖိတ်မှု ဖြစ်ပွားပါ က အာဆီယံနိုင်ငံ အချင်းချင်း ချိတ်ဆက်၍ ရှင်းလင်းရေး လုပ်ဆောင်နိုင်မည့် အာဆီယံ ရေပိုင်နက် အတွင်း ပင်လယ်ပြင် ဆီယိုဖိတ်မှု ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီချက် မူကြမ်းကို ၂ဝ၁၅ ခုနှစ်က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ဆီယိုဖိတ်မှု ဖြစ်စဉ်အတွက် အရေးပေါ် ဖြေရှင်းရန် ရန်ကုန်မြစ်ကြောင်း အတွင်း ဆီယိုဖိတ်မှု တုံ့ပြန်ဖြေရှင်းရေး စီမံချက်ကို ဦးစွာ ရေးဆွဲမည် ဖြစ်ကြောင်း၊ နိုင်ငံအဆင့် အရေးပေါ် စီမံချက် ထပ်မံ ရေးဆွဲမည် ဖြစ်ကြောင်း ရေကြောင်း အန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဌာနမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရန်ကုန်မြစ်အတွင်း ဆူးလေ ဆိပ်ကမ်း၌ ကျိုင်းတုံ ပင်လယ်ကူး သင်္ဘောမှ ဆီများ မြစ်အတွင်းသို့ စွန့်ပစ်သည်ဟု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ နေခဲ့ပြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.