Connect with us

Politics, Law & Military

ကြည့်မြင်တိုင်၌ နေအိမ်အတွင်း ဓားပြဝင်တိုက်ကာ ဖခင်နှင့် သမီးကို ဓားစာခံ အဖြစ် ခေါ်ဆောင်

အနုကြမ်းစီးမှုဖြစ်ပွားရာ အိမ်ရှေ့၌ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ အားတွေ့ရစဉ် (ဓာတ်ပုံ-Khin Mg Thant)

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ကြည့်မြင်တိုင် မြို့နယ်၊ ဦးလူနီလမ်း၊ အိမ်အမှတ် ၂၀ တွင် ယနေ့ နံနက် ၁၀ နာရီ ၅ မိနစ် ဝန်းကျင်တွင် ဓားပြဝင်တိုက်ပြီး ဖခင်နှင့် သမီးကို ဓားစာခံ လုပ်ကာ နေအိမ်အပြင်သို့ ကားမောင်းပို့ခိုင်းပြီး ဓားပြတိုက်သူ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ကြည်မြင်တိုင် ရဲစခန်းထံမှ သိရသည်။

အဆိုပါ ဓားပြတိုက်မှု ဖြစ်စဉ်သည် ဒေါက်တာ ဦးရွှေပြည် ၊ ဇနီး ၊ သား ဖြစ်သူနှင့် သမီး သော်တာအောင် အသက် (၆) နှစ်တို့ နေထိုင်သော နေအိမ်သို့ အမည်မသိ အမျိုးသားတစ်ဦး တိတ်တဆိတ် ဝင်ရောက်ပြီး အသက် (၆) နှစ် ဝန်းကျင်ရှိသည့် သမီးဖြစ်သူ မသော်တာအောင် ကို ဓားထောက်ကာ သိန်း (၅၀) ကျပ် တောင်းခဲ့ကြောင်း၊ ဖခင်ဖြစ်သူ ဒေါက်တာ ရွှေပြည်က သမီးငယ်ကို လွှတ်ပေးရန် ပြောဆိုပြီး သိန်း (၅၀) ပေးလိုက်စဉ် ဖခင်နှင့် သမီးငယ်ကိုပါ ဓားထောက် ခြိမ်းခြောက်ကာ ဒေါက်တာ ရွှေပြည်ကို ကားမောင်း ခိုင်းပြီး ဓားစာခံအဖြစ် ခေါ်ဆောင်ခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးထံမှ သိရသည်။

ဓားပြကို တင်ပြီးထွက်လာသော ဓားစာခံ ဆရာဝန် မောင်းနေသော ကားကို ရဲနှင့် ပြည်သူများ က ကားရှေ့မှ ပိတ်တားပြီး မှန်ရိုက်ခွဲရာ ဓားထောက်ထားသော ကလေးကို ကားထဲတွင် တွေ့သဖြင့် ကားကို မောင်းခွင့် ပေးလိုက်ကြောင်း၊ အဆိုပါ ဓားပြတိုက်သူသည် ငွေကျပ် သိန်း ၅၀ နှင့် အတူ လွတ်မြောက်နေဆဲ ဖြစ်သည်။

ယင်းနေအိမ်အတွင်း ဓားပြတိုက်မှု ဖြစ်ပွားနေစဉ် နေအိမ် အပြင်တွင် ရပ်ကွက်မှ လူများနှင့် ရဲအရာရှိများ ရောက်ရှိလာပြီး အနုကြမ်းစီး ဓားပြတိုက်သူကို အသာတကြည် ထွက်လာရန် လှမ်းအော်မှုများကြောင့် ဖခင်နှင့် သမီးကို ဓားစာခံအဖြစ် အပြင်ခေါ်ထွက် ပြေးကြောင်း ဦးလူနီလမ်းနေ မျက်မြင် သက်သေ တစ်ဦးက ပြောကြားသည်။

အနုကြမ်းစီးတဲ့ေ ကာင်က ကလေးမလေးကို သူ့ပေါင်ပေါ် ပွေ့တင်ပြီး လည်ပင်းမှာ ဓားထောက်လို့ အဆင်သင့် လည်လှီးမဲ့ ပုံစံနဲ့ထွက်လာတယ်၊ ကားကျပ်တဲ့ နေရာမှာ အဲဒီ ဓားပြဆင်းပြေးသွားတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)