Connect with us

Politics, Law & Military

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ACE ဟိုတယ်တွင် လက်နက်များ ထပ်မံဖမ်းဆီးရမိ

နေပြည်တော် ရှိ ACE ဟိုတယ်အတွင်းမှ ဖမ်းဆီးရမိခဲ့သည့် လက်နက်ခဲယမ်းများအား ဖမ်းဆီးရမိသူနှစ်ဦး နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ACEဟိုတယ် သို့ နေပြည်တော်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဇော်ခင်အောင် ဦးစီးအဖွဲ့သည် လုံခြုံရေးတာဝန်ခံ ဦးအောင်နိုင် အား သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ လက်နက်များ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း လယ်ဝေးမြို့နယ် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်နက်/ခဲယမ်းနှင့် စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိမှု မှ သတင်းဆက် အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၇ ရက် ၁၀း၃၀နာရီ အချိန် မှ ၁၈း၃၀နာရီ အချိန်ထိ ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ACE သို့ နေပြည်တော်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဇော်ခင်အောင် ဦးစီးအဖွဲ့သည် လုံခြုံရေးတာဝန်ခံ ဦးအောင်နိုင်(၆၄)နှစ်၊ (ဘ)ဦးကြည်၊ (၆)ရပ်ကွက်၊ ကမ်းနားလမ်း ဒိုက်ဦးမြို့နေသူအား သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ စိုက်ခင်းအတွင်း ခြုံပုတ်နှင့် မြင်းမွေးထားသည့် ခြံဘေးရှိ ထော်လီနောက်တွဲပေါ်၌ ဦးအောင်နိုင်နှင့် ရန်အောင်စိုးတို့ဝှက်ထားသော ပစ္စတို ၄ လက်(ကောင်း ၃၊ မကောင်း ၁)၊ ကျည် ၂၉၂ တောင့်(ဒသမ၂၂ ကျည် ၆၀ ၊ 9MM ကျည် ၁၃၉ ၊ ၅.၅၆ ကျည် ၉၂ ၊ ၇.၆၅ ကျည် ၁)၊ အမ်-21(၁)လက် (မကောင်း)၊ အမ်-16 ပုံပြောင်း(၄)လက်၊ အမ်-16 ကျည်အိမ် ၄ ခု(တို ၁၊ ရှည် ၃)၊ ပစ္စတိုကျည်အိမ်(၁)ခု၊ ဓားမြှောင်(၁)ချောင်း၊ ပျောက်ကျားလွယ်အိတ် (၁)လုံး၊ ပစ္စတိုထည့်သည့်အိတ်(၃)လုံး၊ ကျည်ထည့်သည့် အဝတ်အိတ်(၃)လုံး၊ ကျည်ထည့်သည့်ဘူး သေး(၁)ဘူး၊ ဆက်သွယ်ရေးစက်အထိုင်(၂)လုံး၊ လက်ကိုင်ဆက်သွယ်ရေးစက် ၁၉ လုံး၊ အားသွင်းခွက် (၁၂)ခု၊ ဖုန်း(၁)လုံးနှင့် အခန်း(H-2)၊ (JS-005)အခန်းမှ Drone (မောင်းသူမဲ့လေယာဉ်)ယာဉ်(၇)စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

သာကေတမြို့နယ်၊ ACE Group Of Companies မှ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများအားတွေ့ရစဉ် (ဓာတ်ပုံ–ပြည်ထဲရေးဝန်ကြီးဌာန)

ထို့အတူ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ ၀၉း၀၀နာရီ အချိန် မှ ၀၉း၄၀ နာရီ အချိန်ထိ သာကေတမြို့နယ်၊ (၁၀/တောင်)(၁၃)ရပ်ကွက်၊ စိန်ပန်းလမ်းရှိ ဖြိုးကိုကိုတင့်ဆန်းပိုင်ဆိုင်သော ACE Group Of Companies အဆောက်အဦးရှေ့ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့(ရန်ကုန်)မှ ရဲတပ်ဖွဲ့ဝင်များ၊ စရဖမှ ဗိုလ်ကြီး ဇော်ပိုင်၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ ရပ်ထားသည့် Hummer အနက်ရောင် ယာဉ်ပါ (၄)စီးအားရှာဖွေခဲ့ရာ 2N/xxxx ယာဉ်အတွင်းမှ သံဘောစေ့ဖြင့်ပစ်ရသော ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု(အမျိုးအစားနှင့်ထုတ်လုပ်သည့်နိုင်ငံမပါ) အားတွေ့ရှိ သိမ်းဆည်းခဲ့ပြီး ၁၈း၀၀နာရီ အချိန် ပူးပေါင်းအဖွဲ့သည် သာကေတမြို့နယ်ရှိ ACE Group ကုမ္ပဏီအဆောက်အဦးသို့ ဝင်ရောက်ရှာဖွေရာ အခန်းအမှတ်(၆၀၁)မှ Gas ပစ္စတို(၂)လက် (ကျည်အိမ်ပါ)၊ ၅.၅၆ ကျည် ၁၀ တောင့်၊ ကျည်အိမ်(၂)ခု၊ အခန်းအမှတ်(၆၀၃) မှ သေနတ်အိတ်(၂)ခု၊ အခန်းအမှတ်(၅၀၁)မှ လက်ကိုင်စကားပြောစက်(၁)လုံး၊ ဆေးသေတ္တာ(၂)ခုတို့ အားတွေ့ရှိသိမ်းဆည်းခဲ့ရမိကြောင်း ပြည်ထဲရေး ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.