Connect with us

Politics, Law & Military

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် လိုအပ်ချက်များကို ဆန်းစစ်ရမည်ဟု ပြည်ထောင်စုဝန်ကြီးဆို

နေရပ်စွန့်ခွာသူများအား ယာယီထားရှိမည့် အဆောက်အဦများအားတွေ့ရစဉ် (သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် လိုအပ်ချက်များကို ဆန်းစစ်ရမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းသည် ကြီးမားသည့် လုပ်ငန်းဖြစ်ပြီး ယခုအချိန်တွင် ပြန်လည်လက်ခံရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်မည့် သူများအနေဖြင့် ရှိလာနိုင်သည့် လိုအပ်ချက်များကို ဆန်းစစ်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်တွေ့အကောင်အထည်ဖော်ရာတွင် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားရေးဘ၀ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ရေရှည်ပဋိပက္ခကင်းရေးကိုပါ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို သြဂုတ် ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.