Connect with us

Politics, Law & Military

တနင်္သာရီ၊ ပဲခူး၊ ကရင်နှင့် မွန်ပြည်နယ်တို့၌ ရေကြီးရေလျှံမှုကြောင့် ထိခိုက်မှုများပြား

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပစဉ်(သမ္မတရုံး)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

၂၀၁၈ခုနှစ်ဇွန်လနှင့်ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး/ ပြည်နယ်အချို့ တွင် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရကြောင်း၊ အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ခံစားရမှုများ ပြားခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

အဆိုပါရေဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ်ကျရောက်ပါက တုံ့ပြန် ဆောင်ရွက်နိုင်ရန် မူလကတည်းကချမှတ်ထားပြီး အစီအမံများအတိုင်းအရေးပေါ် ကယ်ဆယ် ရေးလုပ်ငန်းများ၊ ထောက်ပံ့မှုလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲကော်မတီနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များက ပံ့ပိုးကူညီထောက်ပံံ့မှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအခါပျက်စီးဆုံးရှုံးနစ်နာမှုများကို ပြန်လည်ကုစားပေးရမည့်အချိန်ဖြစ်သည့် အတွက် “ဘေးသင့်ဒေသများအမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့”ကိုဖွဲ့စည်းနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသဖြစ်ကြောင်း သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်းပြီးဆွေးနွေးနိုင်ရေးနှင့် လက်ရှိသဘာဝဘေးဒဏ် ခံစားခဲ့ရမှု၊ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးထားမှု၊ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ကျန်ရှိနေသေးသည့် မိုးရာသီကာလအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြမည့် အစီအမံများကို ဝိုင်းဝန်း ဆွေးနွေးအကောင်အထည်ဖော်နိုင်ရေး အတွက် ယခုအစည်းအ‌ဝေးကို ခေါ်ယူကျင်းပရခြင်း ဖြစ်ကြောင်း ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ပြောသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို သြဂုတ် ၈ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော် ဒုတိယသမ္မတ ဦးစီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

သဘာဝဘေးတစ်ခုဖြစ်ပေါ်ပြီး အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေး လုပ်ငန်းများ ဆောင်ရွက်မှုအပြီးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် လုပ်ငန်းကော်မတီ (၁၂)ခုတွင် ပါရှိသော“ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ”နှင့် “အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ”(၂)ခုက အဓိကဆောင်ရွက်သွား မည်ဖြစ်သော်လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ကူညီပံ့ပိုးပေးနိုင်ရေး နှင့်လိုအပ်ချက်များ ပြန်လည်သုံးသပ် ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် “ဘေးသင်‌့ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့”ကို ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတဦးဟင်နရီဗန်ထီးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.