Connect with us

Politics, Law & Military

ပြင်ဦးလွင်တွင် ကျပ် သိန်း၃၀၀ခန့်ရှိ ဘိန်းဖြူများ ဖမ်းဆီးရမ

ဖမ်းဆီးရမိသော ဘိန်းဖြူများနှင့် တရားခံအားတွေ့ရစဉ် (CCDAC Mynamar)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ သပိတ်ကျင်းမြို့အတွင်း၌ စက်တင်ဘာ ၂၄ ရက်က ကျပ် သိန်း ၃၀၀ခန့်ရှိ ဘိန်းဖြူများအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၁၆)(ပြင်ဦးလွင်)၊ သပိတ်ကျင်း(လှုပ်ရှား)မှ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးဖြတ်သန်းသယ်ဆောင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ရှာဖွေဖမ်းဆီးရန် သက်သေများနှင့်အတူ စံပ္ပါယ်နဂိုရ်ကျေးရွာအဝင်လမ်းတွင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ရှေ့ဂွကြားရှိ ကျောပိုးအိတ်အတွင်း ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသည့် ဆပ်ပြာခွက် ၁ ခွက်လျှင် ဘိန်းဖြူအလေးချိန် ၁၂ ဂရမ်စီခန့်ပါ ဆပ်ပြာခွက် ၂၅ ခွက်၊ စုစုပေါင်း ဘိန်းဖြူ ၃၀၀ ဂရမ်၊ (ဒေသကာလ ပေါက်ဈေး တန်ဖိုး ၃၀၀၀၀၀၀၀ ကျပ်)နှင့် လက်ကိုင်ဖုန်း ၁ လုံးတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး ဘိန်းဖြူနှင့်အတူ လက်ဝယ်တွေ့ရှိသူ အောင်မြတ်နိုင် ၄၀ နှစ်၊ လှထွန်းရီ ၃၆ နှစ်နှင့် ကွင်းဆက်တရားခံများအား အရေးယူရန် သပိတ်ကျင်းမြို့မရဲစခန်း မယ(ပ)၃၂/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.