Connect with us

Politics, Law & Military

ပြည်ထောင်စုဝန်ကြီးဌာန သုံးခုတွင် ဒုတိယဝန်ကြီးများခန့်အပ်ကြောင်း သမ္မတရုံးထုတ်ပြန်

ဒုတိယဝန်ကြီးခန့်အပ်ကြောင်း ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ(က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုဝန်ကြီးဌာန သုံးခုတွင် ဒုတိယ ဝန်ကြီး သုံးဦးအားခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတ ရုံးမှ ယနေ့ထုတ်ပြန်လိုက်သည်။

ဦးကြည်မင်းအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဖြစ်လည်းကောင်း၊ ဒေါက်တာရဲမြင့်ဆွေ အားသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးလှမော်ဦးအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

နေပြည်တော်ကောင်စီဝင်အဖြစ်ခန့်အပ်ကြောင်းထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ–နိုင်ငံတော်သမ္မတရုံး)

ထို့အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၅၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၂၂ နှင့် နေပြည်တော်ကောင်စီဥပဒေပုဒ်မ ၄ တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးညီထွန်း ကို နေပြည်တော်ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.