Connect with us

Politics, Law & Military

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဗိုလ်ချုပ်အောင်စိုးအား ခန့်အပ်

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ခန့်အပ်ကြောင်း ထုတ်ပြန်ချက် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်အောင်စိုး အား ခန့်အပ် တာဝန် ပေးအပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတမှ ကြေညာချက် ထုတ်ပြန်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၄ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၇ တို့ပါ ပြဌာန်းချက်များအရ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်အောင်စိုးအား ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထဲရေး ဝန်ကြီးဌာန၌ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ဇံမြင့် နှင့် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့ တာဝန် ထမ်းဆောင်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117