Connect with us

Politics, Law & Military

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး တွင် ဆုံးဖြတ်ချက် ၁၅ ချက် ချနိုင်ခဲ့

JMC-U ၏ ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ်နှင့် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်တို့ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ (၁၈) ကြိမ်မြောက် အစည်းအဝေး တွင် ဆုံးဖြတ်ချက် ၁၅ ချက် ချနိုင်ခဲ့ကြောင်း JMC-U ၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ် က မီဒီယာ မီဒီယာများ နှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

JMC-U ၏ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါးရ် က “ဒီတစ်ခေါက်က အလှူရှင်တွေ နဲ့ အလုပ်လုပ်ရတော့ ဒီစက်တင်ဘာလကုန်ဆိုရင် ပဋိဉာဉ်သဘောတူညီမှုကပြီးပြီ။ နောက်၁ နှစ်အတွက် အောက်တိုဘာ ၁ ရက်နေ့က စမယ့် ကိစ္စအတွက် ဆွေးနွေးခဲ့ပါတယ်။ နော်ဝေခရီးစဉ် ရှိခဲ့တယ်။ အဲ့ဒါတွေ ကို ဖလှယ်မှု တွေ လုပ်ခဲ့တယ်။ ဆုံးဖြတ်ချက် ၁၅ ချက် နဲ့ ပြီးသွားပါတယ်။ Local Civilian Monitar (ဒေသခံအရပ်သားစောင့်ကြည့်ရေး)ကိစ္စက လောလောဆယ်မှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် မှာ ရှေ့ပြေးလုပ် သွားဖို့ ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်တို့ ၃ ရက် တာ အစည်းဝေးက ဆုံးဖြတ်ချက် ၁၅ ခု နဲ့ပြီးသွားပါတယ်။” ဟုမီဒီယာများအားပြောပြားခဲ့သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးအား ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ စက်တင်ဘာ ၁၂ ရက်နေ့မှ ယနေ့ (စက်တင်ဘာ ၁၄ ရက်) အထိ ၃ ရက်တာကျင်းပခဲ့သည်။

အစည်းအဝေးသို့ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး (KNU) နှင့် ဒုတိယဥက္ကဋ္ဌ (၂) စိုင်းမျိုးသန့်တို့ အပါအဝင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်သား ကိုယ်စားလှယ်များ၊ အထောက်အကူပြု အဖွဲ့ဝင်များ ပါဝင် တက်ရောက်ခဲ့ကြသည်။

JMC-U ၏ ပြောရေးဆိုခွင့်ရှိသူအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်က ”JMC-U ၏ (၁၇) ကြိမ်မြောက်နှင့် (၁၈) ကြိမ်မြောက် အစည်းအဝေး ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများနဲ့ JMC အဆင့်ဆင့်သို့ ရောက်ရှိလာသော အငြင်းပွားမှုနှင့် တိုင်ကြားစာများအား ဖြေရှင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးခဲ့ပါတယ်” ဟု မီဒီယာများအားပြောကြားခဲ့သည်။

ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့် JMC ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ဒေသရှိ ပြည်သူလူထုတို့ တွေ့ဆုံ၍ JMC ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှု အခြေအနေများနှင့် JMC လုပ်ငန်းစဉ်အတွင်း ပြည်သူလူထုက ပူးပေါင်းပါဝင်နိုင်မည့် အခြေအနေများအား ရှင်းလင်းပြောကြားသည့် လူထုတွေ့ဆုံပွဲ ဆောင်ရွက်မှု လုပ်ငန်းများကိုလည်း အထောက်အကူပြု အဖွဲ့က ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.