Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး ညီလာခံ ဒုတိယနေ့တွင် အစုအဖွဲ့အလိုက် ဆွေးနွေးမှုများ ပြုလုပ်

ပင်လုံညီလာခံ ဒုတိယနေ့၌ အစုအဖွဲ့အလိုက်ဆွေးနွေးမှုများပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး ညီလာခံ ဒုတိယနေ့ဖြစ်သည့် ဇူလိုင် ၁၂ ရက်တွင် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ အလိုက် ဆွေးနွေးမှုများအား ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။

ထိုအစုအဖွဲ့အလိုက် ဆွေးနွေးမှုများတွင် နိုင်ငံရေး ကဏ္ဍ ၊ စီးပွားရေး ကဏ္ဍ ၊ လူမှုရေး ကဏ္ဍ ၊ မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍ နှင့် လုံခြုံရေး ကဏ္ဍ စသည့် ကဏ္ဍ အလိုက် မူဝါဒများ ရှင်းလင်း တင်ပြခြင်း များ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အစည်းအဝေး အစီအစဉ်များ အရ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အဖွဲ့ဝင် ဦးခွန်မောင်သောင်းက ကဏ္ဍ အလိုက် အချက် ၁၄ ချက်သည် အင်မတန် ခက်ခက်ခဲခဲ ရလာသည့် အချက်များ ဖြစ်ကြောင်း ၊ အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ညီလာခံကို တင်သွင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ညီလာခံသို့တင်သွင်းသည့် ကဏ္ဍအလိုက် အချက် ၁၄ ချက်အား ပြည်ထောင်စု သဘောတူညီချက် အဆင့် ရောက်အောင် ညီလာခံ၏ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ကိုယ်စားလှယ်များ အနေဖြင့် ဝိုင်းဝန်း ကြိုးစား တည်ဆောက် ဆွေးနွေးပေးကြရန် ညီလာခံ ဒုတိယနေ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ညီလာခံ ဒုတိယနေ့တွင် အစုအဖွဲ ့များက သက်ဆိုင်ရာ အခန်းများတွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ပြီး ညီလာခံ တတိယနေ့တွင် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ မြေယာ နှင့် သဘာ၀ ပတ်ဝန်းကျင် နှင့် လုံခြုံရေး စသည့် ကဏ္ဍအလိုက်အား ကိုယ်စားလှယ်များ ဆွေးနွေး သွားကြမည် ဖြစ်ပြီး ညီလာခံ စတုတ္ထနေ့တွင် အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေး သွားကြမည် ဖြစ်ကြောင်း ၊ ညီလာခံ ပဉ္စမနေ့တွင် UPDJC အတွင်းရေးမှူးများ အစည်းအဝေး နှင့် UPDJC အစည်းအဝေး ကျင်းပခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး ညီလာခံ နောက်ဆုံးနေ့တွင် မူဝါဒများ အတည်ပြုခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.