Connect with us

Politics, Law & Military

ဖယ်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော်အား ဝိုင်းဝန်း တည်ဆောက်ကြရန်ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကပြောကြား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး တွင် ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

သမိုင်းကြောင်းမတူ ကွဲပြားသည့် လူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံဖြစ်သောကြောင့် ပြည်ထောင်စုကြီးအဓွန့်ရှည်ရန် အတွက် ဘက်ပေါင်းစုံ လေ့လာဆန်းစစ်၍ သဟဇာတဖြစ်နိုင်သည့် မူများချမှတ်ပြီး ဖယ်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ဝိုင်းဝန်း တည်ဆောက်ကြရန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး တွင် ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကပြောသည်။

ဒေါ်အေးနုစိန် က “ပြည်ထောင်စုငြိမ်းချမ်းရေးညီ်လာခံ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံဟာ တန်းတူပြီး ချစ်ကြည်စည်းရုံးတဲ့ ငြိမ်းချမ်းပြီးဖွံ့ဖြိုးတဲ့ ပြည်ထောင်စုသစ်ကြီးပေါ်ထွန်းဖို့ မလွှဲမသွေလျှောက်ရမယ့် လမ်းဖြစ်တယ်လို့ ကျွန်မတို့ ရခိုင် အမျိုးသားပါတီက ယုံကြည်တဲ့အတွက် ရခိုင်ပြည်သူတွေ ကိုယ်စားတက်ရောက်လာရခြင်းဖြစ်ပါတယ်။’’ ဟုပြောသည်။

အတိတ်သမိုင်းဖြစ်ရပ်များအား သင်ခန်းစာယူ၍ ငြိမ်းချမ်းဖွံ့ဖြိုးသည့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အားလုံးတွင်တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

“အခုကျင်းပတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးဟာ ပြည်တွင်းစစ်ချုပ်ငြိမ်းပြီး ကျွန်မတို့ယုံကြည်မျှော်လင့် တဲ့ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် အခြေခံအုတ်မြစ်တွေကို ချမှတ်ပေးနိုင်ကြပါပြီ။ ငြိမ်းချမ်းသာယာပြီး တန်းတူညီမျှမှုရှိသော စည်းလုံးညီညွတ်သော ပြည်ထောင်စုကြီးပေါ်ထွန်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်’’ ဟုဒေါ်အေးနုစိန်က ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစု တတိယပင်လုံအစည်းအဝေး အား အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန တွင် ကျင်းပလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.