Connect with us

Politics, Law & Military

မန္တလေးတိုင်းတွင် တရားမဝင်ကျွန်းသစ် တစ်ရက်အတွင်း ၆တန်ကျော် ဖမ်းမိ

ဖမ်းဆီးရမိသော တရားမ၀င်ကျွန်းသစ်များအားတွေ့ရစဉ်(ဓတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြင်ဉီးလွင်ခရိုင် မတ္တရာမြို့နယ်တွင် တစ်ရက်အတွင်း တရား မဝင်ကျွန်း သစ်လုံးများနှင့် ပိတောက်ဓားရွေတုံး ၆တန်ကျော် ဖမ်းမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မတ္တရာမြို့နယ်အတွင်း သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးစဉ် စက်တင်ဘာလ ၂၄ရက် နံနက် ၈နာရီ၁၅ မိနစ်က နန်းတော်ကျွန်းကျေးရွာ၏ မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတွင် တရားမဝင်ကျွန်းသစ်လုံး(၆၁)လုံး (၂.၇၅၄)တန်အား ဖမ်းဆီးရ မိခဲ့ပြီး ပိုင်ရှင်အားဖမ်းမိနိုင်ရေး စုံစမ်းဖော်ထုတ်လျှက် ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့သည် စက်တင်ဘာလ ၂၄ရက် နံနက် ၉နာရီ၅၀မိနစ် အချိန်တွင် ခရီး သည် တင်မှန် လုံယာဉ် ယာဉ်များ စစ်ဆေးရှာဖွေရာ 9A/3563ယာဉ်ပေါ်မှ ကျွန်း၊ ပိတောက် ဓားရွေတုံး(၆၇)တုံး (၁.၁၀၁၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး 3B/8539ပေါ်မှ ကျွန်း၊ ပိတောက် ဓားရွေတုံး (၅၁)လုံး (၂.၆၉၅၈)တန် စုစုပေါင်း(၁၁၈)လုံး(၃.၇၉၇၄)တန်အား ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.