Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ကျွန်းသစ် ၁.၁၄၀၈ တန်နှင့် ပစ္စတိုသေနတ် ၁ လက်သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် ကျွန်းသစ်များ နှင့် ဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၌ ကျွန်းသစ် ၁.၁၄၀၈ တန်နှင့် ပစ္စတိုသေနတ် ၁ လက်သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ ၀၈၀၀ အချိန်တွင် မိုးကုတ်မြို့နယ် မိုးကုတ်-ပြင်ဦးလွင် ကားလမ်း မိုင်တိုင်(၈၂/၆-၇)ကြား၌ မိုးကုတ်မြို့မရဲစခန်းမှူး ဦးစီးသည့် ပူးပေါင်းအဖွဲ့က မင်းနိုင်ထွန်း (၂၅)နှစ် မောင်းနှင်ပြီး ဟန်မင်းထက် (၂၂)နှစ် လိုက်ပါလာသည့် 5J/ ×××× Supercustom ယာဉ်နှင့် နေမင်းအောင်(ခ)စိုင်းမင်း(၅၀)နှစ် မောင်းနှင်ပြီး အောင်ဘိုဘို (၃၈)နှစ် ပါ ၂ ဦး (ကျား ၁၊ မ ၁)တို့ လိုက်ပါလာသည့် 7I/×××× Crown ယာဉ်တို့အား ရပ်တန့်စစ်ဆေးရာ Supercustom ယာဉ်၏ နောက်ခန်းအတွင်း၌ တရားမဝင်ကျွန်းခွဲသား ၄၉၂ ချောင်း ၁.၁၄၀၈ တန် နှင့် နေမင်းအောင် (ခ) စိုင်းမင်း၏ လက်ကိုင်အိတ်အတွင်းမှ FMAC-7G2 စာတန်းပါ ပစ္စတို ၁ လက်၊ ၎င်းကျည် ၁၃ တောင့်၊ ကျည်အိမ် ၂ ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နေမင်းအောင် (ခ) စိုင်းမင်းပါ၅ ဦး တို့အား မိုးကုတ်မြို့မရဲစခန်းမှ (ပ)၂၅၂/၂၀၁၈၊ ပပက ၆(၁) ဖြင့်လည်းကောင်း၊ ၁၆း၄၅ နာရီအချိန်တွင် နေမင်းအောင်(ခ) စိုင်းမင်းအား (ပ)၂၅၃/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.