Connect with us

Politics, Law & Military

မိုးကုတ်မြို့နယ်၌ အစစ်ဆေးမခံဘဲပြန်လည်ခုခံသူများအား ပစ်ခတ်ဖမ်းဆီးရာ သိန်း၇၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် တရားခံငါးဦးဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများ တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များမှ မသင်္ကာဖွယ်တွေ့ရှိသောဆိုင်ကယ် ၅ စီးအားရပ်တန့်စစ်ဆေးရာ အစစ်ဆေးမခံဘဲ တပ်ဖွဲ့ဝင်များအား ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုကြောင့် တရားခံငါးဦးနှင့် အတူ ဘိန်းစိမ်း ၅၀ ကီလိုခန့်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၇၅ဝ သိန်း)တို့နှင့် ဆိုင်ကယ် ၅ စီးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ် လယ်ကြီးရဲကင်းရှေ့တွင် အောက်တိုဘာလ ၇ ရက်နေ့ ၀၈း၃၀ အချိန်တွင် ဖြတ်သန်းသွားလာ နေသည့် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးနေစဉ် မသင်္ကာဖွယ်တွေ့ရှိ သည့်ဆိုင်ကယ် ၅ စီးအား ရပ်တန့်စစ်ဆေးမည်ပြုစဉ် အစစ်ဆေးမခံပဲမောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် မိုးကုတ် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့နှင့် ပူးပေါင်း၍ လိုက်လံရှာဖွေဖမ်းဆီးရာ ဖြူရောင်ရွာနှင့် ညောင်ကုန်း ရွာကြားလမ်းကွေ့အရောက်တွင် ဆိုင်ကယ် ၅ စီးအားတွေ့ရှိပြီး ၎င်းတို့မှာ အဖမ်းမခံဘဲ ခဲများဖြင့်ပစ်ပေါက် ခြင်း၊ တပ်ဖွဲ့ဝင်များအားထိုးကြိတ်ခြင်းများပြုသဖြင့် ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့်ခြောက်လှန့် ပစ်ခတ်ခဲ့ရာ သုံးဦးဖမ်းဆီးရမိပြီ ကျန် ၂ ဦးမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထွက်ပြေးသွားသူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာ ညောင်ကုန်း ကျေးရွာအနီးတွင် တစ်ဦး ဖမ်ဆီးရမိပြီး တစ်ဦးမှာအသာတကြည်အဖမ်းမခဘဲ လျှိုအတွင်းသို့ထွက်ပြေးသွားသဖြင့် ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ယင်း တရားခံငါးဦးအား မိုးကုတ် မြို့မရဲစခန်း မယ(ပ) ၁၂၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလ ဲစေသောဆေးဝါးများဥပဒေ ပုဒ်မ ၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူပြီး ကွင်းဆက်များစစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.