Connect with us

Politics, Law & Military

ပြည်တွင်းသို့ တင်သွင်းသော ကုန်ပစ္စည်းအမှတ်တံဆိပ်ပါ အညွှန်းစာများကို မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရန် ထုတ်ပြန်

ပြည်တွင်း၌ ရောင်းအားအကောင်းဆုံး ကလေးနို့မှုန့်ဗူးများအားတွေ့ရစဉ်(Similac)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ပြည်တွင်းသို့ တင်သွင်းသော ကုန်ပစ္စည်းအမှတ်တံဆိပ်ပါ အညွှန်းစာများကို မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကုန်အမှတ်တံဆိပ်ပါဝင်ပစ္စည်းများကို မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရမည့် အမိန့်စာထုတ်ပြန်ပြီး ခြောက်လအတွင်း လိုက်နာရမည်ဖြစ်၍ ခြောက်လပြည့်သည်အထိ မလိုက်နာလျှင် စားသုံးသူ

အကာအကွယ်ပေးရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရမည့် ကုန်ပစ္စည်းအုပ်စု ကိုးမျိုးရှိပြီး အဆိုပါပစ္စည်းများသည် စားသောက်ကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ကလေးအသုံးဆောင်ပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် ဖြည့်စွက်စာ၊ ဓာတုဗေဒပစ္စည်းအုပ်စု အလှကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းကိရိယာများဖြစ်ကြောင်း သိရသည်။

စားသုံးသူကာကွယ်ရေးဥပဒေချိုးဖောက်ခြင်းဖြင့် လုပ်ငန်းလိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူဆောင်ရွက်နိုင်ပြီး လိုင်စင်ရုပ်သိမ်းရာတွင် အချိန်အကန့်အသတ်နှင့်ရုပ်သိမ်းခြင်းအပြင် လုပ်ငန်းလုပ်

ကိုင်ခွင့် လိုင်စင်အပြီး ပိတ်သိမ်းခြင်း၊ ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ခြင်း၊ ငွေဒဏ် ထောင်ဒဏ်အထိ ချမှတ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ယခင်က စားသောက်ကုန်အုပ်စုကို တိုင်ကြားမှု ၈ဝ ရာခိုင်နှုန်း၊ အခြားပစ္စည်းအုပ်စု ၂ဝ ရာခိုင်နှုန်းတိုင်ကြားမှုများရှိနေပြီး ယခု ၂ဝ၁၈ ခုနှစ်မှ စတင်ကာ ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့်

စားသုံးသူများ၏ အခွင့်ရေးချိုးဖောက်ခံရလျှင် သို့မဟုတ် အကျိုးစီးပွား ထိခိုက်နစ်နာမှုများရှိလာပါက တိုင်ကြားနိုင်ကြောင်း အသိပေးပြီးချိန်မှစ၍ တိုင်ကြားမှု ၃ ဆ၊ ၄ ဆထိ မြင့်တက်လာခဲ့ပြီး တိုင်ကြားမှု ၈ဝ ရာခိုင်နှုန်းမှာ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်လာခဲ့ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်တွင် တိုင်ကြားမှုပေါင်း ၁ဝ၄ မှုရှိပြီး ၂ဝ၁၈ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ တိုင်ကြားမှုပေါင်း ၁၅ဝ ရှိကာ လက်ရှိအချိန်တွင် ၂ဝဝ ဝန်းကျင်ခန့်အထိ တိုင်ကြားမှုများရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.