Connect with us

Politics, Law & Military

မုံးကိုးမြို့ကို တပ်မတော်က ထိန်းချုပ်နိုင်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်

မုံးကိုးမြို့တွင်း တိုက်ပွဲဖြစ်ပွားရာပြ မြေပုံ(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့ရှိ မုံးကိုးတပ်စခန်းအား KIA၊TNLA၊ MNDAAနှင့်AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့ ၁၄ရက်ကြာတိုက်ခိုက်ခဲ့ရာမှ ဒီဇင်ဘာ ၄ရက်နေ့တွင် တပ်မတော်က အဆိုပါ မုံးကိုးမြို့အား ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အဖွဲ့သည် မုံးကိုးတပ်စခန်းအား နိုဝင်ဘာ ၂၀ ရက်မှစ၍ ယနေ့အထိ ၁၄ ရက်အကြာ တိုက်ခိုက်လျက်ရှိရာ တပ်စခန်းသို့ စစ်ကူပေးရန် သွားရောက်သည့် တပ်မတော်စစ်ကြောင်းများသည် ယင်းလက်နက်ကိုင်များ၏ အဆင့်ဆင့်ပိတ်ဆို့ ဖြတ်တောက်တိုက်ခိုက်မှုများကို ထိုးဖောက် ကျော်လွှား၍ ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် မုံးကိုး တပ်စခန်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ယင်း မုံးကိုးမြို့အတွင်းမှ လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာသွားပြီး တပ်မတော်အနေဖြင့် မုံးကိုးမြို့အား ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.