Connect with us

Politics, Law & Military

မုံးကိုးစခန်းမြို့တွင် တပ်မတော်နှင့် KIA၊TNLA၊ MNDAAနှင့်AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့ ဆက်လက် တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားရာပြ မြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မုံးကိုးမြို့တွင်း တပ်မတော်နှင့် KIA၊TNLA၊ MNDAAနှင့်AA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့ ဆက်လက် တိုက်ပွဲဖြစ်ပွားနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃ ရက်နေ့ နံနက် ၁နာရီတွင် မုံးကိုးစခန်း၏ အရှေ့ဘက်နှင့် တောင်ဘက်မှ လက်နက်ကြီး ပစ်ကူယူ၍ ထပ်မံချဉ်းကပ် တိုက်ခိုက်ခဲ့သဖြင့် စခန်းရှိ တပ်မတော်ဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့သည်။အလားတူ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင်လည်း စခန်း၏ အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့မှ အကြမ်းဖက် သောင်းကျန်းသူများက ဝိုင်းဝန်းပိတ်ဆို့ပြီး လက်နက်ကြီး ပစ်ကူယူ၍ ချဉ်းကပ်ကာ ထပ်မံတိုက်ခိုက်လာသဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူ ၊အမြောက်ပစ်ကူနှင့် လက်နက်ကြီးပစ်ကူများ ပစ်ကူပေး၍ စခန်းရှိ တပ်မတော်သားများကလည်း ပြန်လည်တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ချဉ်းကပ်မှု ရပ်တန့်သွားခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မုံးကိုးမြို့ရှိ မုံးကိုးစခန်းအား ဒီဇင်ဘာ ၂ရက်နေ့ ည ၈ နာရီခန့်ကလည်း KIA၊TNLA၊ MNDAAနှင့်AAလက်နက်ကိုင် ပူးပေါင်းအဖွဲ့ အင်အား ၂၀၀ ဦးခန့်သည် ယူနီဖောင်းဝတ်များ၊ အရပ်ဝတ်များဖြင့် မုံးကိုးစခန်း၏ မြောက်ဘက်မှ လက်နက်ကြီးပစ်ကူများယူ၍ စခန်းအနီးသို့ စတင် ချဉ်းကပ် တိုက်ခိုက်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117