Connect with us

Politics, Law & Military

မူဝါဒ တူသူများနှင့် ပူးပေါင်းမည်ဟု ၈ – လေးလုံး ပါတီ ခေါင်းဆောင် ပြော

‘၈’ လေးလုံး ပါတီ တည်ထောင်ခွင့် လျှောက်လွှာတင်ရန် ပါတီ ခေါင်းဆောင် ဦးကိုကိုကြီးနှင့် အဖွဲ့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့  ရောက်ရှိစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

၈ – လေးလုံး ပါတီထူထောင်ပြီးသည့်အချိန်တွင် မိမိတို့နှင့် မူဝါဒတူသူများနှင့် ပူးပေါင်းသွားမည်ဟု ၎င်းပါတီ ခေါင်းဆောင် ဦးကိုကိုကြီး ယနေ့ နေ့လယ်ပိုင်း၌ မီဒီယာသို့ ပြောခဲ့သည်။

“နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ပြီဆိုရင် ပါတီရဲ့ ယုံကြည်ချက် မူဝါဒ ဦးတည်ချက်ဆိုတာ ရှိပါတယ် အဲ့ဒီ မူဝါဒတွေအပေါ်မှာ တူညီတဲ့မူဝါဒရှိတဲ့သူတွေနဲ့မဟာမိတ်မူဝါဒ ပူးပေါင်းသွားဖို့ဆိုတာ ကျွန် တော်တို့ပါတီရဲ့ မူဝါဒတွေ အခိုင်အမာ ချမှတ်ထားပါတယ်” ဟု နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို ့ ပါတီ တည်ထောင်ခွင့် လာရောက် လျှောက်ထားသည့် ၈ – လေးလုံး ပါတီခေါင်းဆောင် ဦးကိုကိုကြီးက လျှောက်လွှာတင်အပြီးတွင် မီဒီယာသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

‘၈’ လေးလုံး ပါတီ ခေါင်းဆောင် ဦးကိုကိုကြီးနှင့် အဖွဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ပြန်လည်ထွက်ခွာလာစဉ် (ဆင်ဟွာ)

‘၈’ လေးလုံး ပါတီ ခေါင်းဆောင် ဦးကိုကိုကြီးနှင့် အဖွဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ ့တွင် မီဒီယာသို့ ဖြေကြားနေစဉ် (ဆင်ဟွာ)

နောက် တစ်လတွင် နိုင်ငံရေး ပါတီ ဖြစ်လာတော့မည့် ၈ – လေးလုံး ပါတီ၏ အဓိက မူဝါဒများနှင့် ပတ် သက်ပြီး ၎င်းက “အခုချိန်မှာတော့ အားလုံး ဆွေးနွေး ဆုံးဖြတ်ထားတဲ့အထဲမှာ အရေးကြီးတဲ့ အချက် တွေကိုပဲ ကျွန်တော် မီးမောင်းထိုး ပြောချင်ပါတယ်။ ပါတီရဲ့အဓိက ရည်ရွယ်ချက်မူဝါဒ တွေ ထဲမှာ နိုင်ငံသားတိုင်း လူမျိုးမရွေး ဘာသာမရွေး ကျားမ မရွေး အဆင့်အတန်းမရွေး ခွဲခြားဆက်ဆံမှု မရှိ ဘဲနဲ့ တန်းတူခံစားမှုရှိရမယ် ဆိုတာ ကျွန်တော်တို့ပါတီရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်တစ်ခုက အရေးကြီးတဲ့တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ တိုင်းရင်းသား တန်းတူညီမျှရေး နဲ့ ဒီမိုကရက် တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးဟာပါတီရဲ့ အခြေခံကျတဲ့မူဝါဒ တွေဖြစ်ပါတယ်” ဟု ရှင်းလင်း ပြောကြားခဲ့သည်။

ထို့အပြင် ၈ – လေးလုံး ပါတီပေါ်ပေါက်ဖို့ ကြိုးစားလာခဲ့သည်မှာ တစ်နှစ်ခွဲလောက် ရှိလာပြီ ဖြစ် ကြောင်း ဆွေးနွေးများအစည်း အဝေးများအကြိမ်ကြိမ်လုပ်ပြီး နိုင်ငံရေးပါတီအတွက် အမှန်တကယ် ဇောက်ချပြီး လုပ်မည် ဆိုသည့် လုပ်ဖော်ကိုင်ဖက်များ အားလုံးကို စုစည်းပြီး ပါတီ၏ အမည် အလံ တံဆိပ်များ သင်္ကေတ ဖွဲ့စည်းပုံမှ စပြီး ရှင်းလင်း ထုတ်ပြန်ခဲ့ကြောင်း အားလုံး စုံညီဆုံးဖြတ်ချက်အရ ပါတီကို ယခုနှစ် မကုန်မီ မှတ်ပုံတင်နိုင်ရန် ပြင်ဆင်ကြိုးစားခဲ့ကြကြောင်း ၎င်းက ပြောခဲ့သည်

“နိုင်ငံရေးလုပ်တာ တာဝန်သိစိတ်နဲ့တာဝန်ယူချင်လို့နိုင်ငံရေးလုပ်တာ ဘယ်သူကခိုင်းလို့ ဘယ်သူ က တာဝန်ပေးလို့ လုပ်ခဲ့ကြတာမဟုတ်ဘူး ဒါကြောင့် နိုင်ငံရေး အပေါ်မှာ ယုံကြည်မှု ခိုင်ခိုင်မာမာနဲ့ ကျွန်တော်တို့ပခုံးပေါ်ကျတဲ့တာဝန်ကို ငါတို့ ယူမယ် ငါတို့ ထမ်းမယ်ဆိုတဲ့ ခံယူချက်နဲ့ နိုင်ငံရေး လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ဘယ်သူမှ ခိုင်းစရာမလိုဘူး ဘယ်သူကမှ တာဝန်ပေးစရာမလိုဘူး ကျွန်တော်တို့တာဝန်သိစိတ်နဲ့ တာဝန်ယူချင်တဲ့စိတ်နဲ့ပဲ ကျွန်တော်တို့နိုင်ငံရေးဆက်လုပ်သွားမှာပါ” ဟုလည်း ဦးကိုကိုကြီးက ပြောခဲ့သည်။

နိုင်ငံရေးပါတီများ တည်ထောင်ခြင်း ဥပဒေ နည်းဥပဒေများအရ ယခုကဲ့သို့ တည်ထောင်ခွင့် လျှောက်လွှာ တင်အပြီး တစ်လအတွင်း၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကန့်ကွက်ရန် မရှိကြောင်း အကြောင်းပြန်စာ ရရှိသည့်အခါ ပါတီ မှတ်ပုံတင်ခြင်းကို ဆက်လက် ဆောင်ရွက်ရမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.