Connect with us

Politics, Law & Military

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ၂ ရက်ကြာ ကျင်းပ

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ)

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (Mekong MoU Senior Officials Committee Meeting, SOC)အား မေ ၂၁ ရက်မှ စတင်၍ ယနေ့ မေ ၂၂ ရက် အထိ ၂ ရက်ကြာ နေပြည်တော်၌ ကျင်းပလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့၊ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး တက်ရောက်သူများအား တွေ့ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

အစည်းအဝေးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်နိုင်သူ က သဘာပတိအဖြစ် ခေါင်း ဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နိုင်ငံတို့မှ ကိုယ်စား လှယ်များ ၊ ထိုင်းနိုင်ငံ အခြေစိုက် ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ၊ UNODC ရုံး၏ ဌာနေ ကိုယ်စားလှယ် အဖွဲ့တို့မှ ဒေသခွဲလုပ်ငန်းစီမံချက် ၁၀ ၏ အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့် ဘဏ္ဍာရေး အခြေအနေ များအား ဆွေးနွေးခြင်း၊ ဦးစားပေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ဆွေးနွေးခြင်း၊ အနာဂတ်ကာလ ပူးပေါင်း ဆောင်ရွက်ရေးအား ဆွေးနွေးခြင်း၊ ၂၀၁၉ ခုနှစ် လုပ်ငန်းစီမံချက်အား ဆွေးနွေးခြင်း၊ ဒေသခွဲလုပ်ငန်း စီမံချက်လမ်းပြမြေပုံအား ဆွေးနွေးခြင်း၊ ၂၀၁၉ ခုနှစ် မဲခေါင် MoU ဝန်ကြီး အဆင့်နှင့် အထွေထွေ ဆွေးနွေးခြင်းများ ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားသို့မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ် ရေး ဗဟို အဖွဲ့၊ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦး ခေါင်းဆောင်သော ကိုယ်စား လှယ် အဖွဲ့ ၊ တရုတ်နိုင်ငံ ၊ ကမ္ဘောဒီးယားနိုင်ငံ ၊ လာအိုနိုင်ငံ ၊ ထိုင်းနိုင်ငံ တို့မှ ကိုယ်စားလှယ်များ နှင့် ထိုင်း နိုင်ငံ အခြေစိုက် ၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ၊ UNODC ရုံး၏ ဌာနေကိုယ်စားလှယ် Mr. Jeremy Douglas နှင့် ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၆၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.