Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်အတွက် ၂၂၄ ဦးအား ခွင့်ပြုပေးထားပြီး ၄၀ ဦးအား ထပ်မံစိစစ် သုံးသပ်လျှက်ရှိ

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ (၁၂၀၁၆) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မတ် ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (Permanent Residence System-PR System)အား စိစစ် ခွင့်ပြုလျှက်ရှိရာ ယခုအချိန် အထိ ၂၂၄ ဦးအား ခွင့်ပြုပေးထားပြီး ဆက်လက်၍ လျှောက်ထားသူ ၄၀ ဦးအား စိစစ် သုံးသပ်လျှက် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ သိရသည်။

လျှောက်ထားသူများအား နိုင်ငံခြား သား အမြဲနေထိုင် ခွင့်ပြုခြင်းဆိုင်ရာ နည်းဥပဒေများနှင့်အညီ အဆင့်ဆင့် စိစစ်ခဲ့ရာ ယခု ခွင့်ပြုပေးထားသည့် ၂၂၄ ဦးမှာ ပထမအကြိမ် အဖြစ် ၁၂၉ ဦး ၊ ဒုတိယအကြိမ်အဖြစ် ၄၄ ဦးတို့အား နိုင်ငံခြားသား အမြဲ နေထိုင်ခွင့် လက်မှတ် နှင့် ကတ်ပြားများ ထုတ်ပေးပြီး တတိယအကြိမ် အဖြစ် ၅၁ ဦး အား အတည်ပြုချက်ရရှိပြီးဖြစ်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ဆက်လက်ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု ထပ်မံ၍ လုပ်ငန်း ကော်မတီမှ စိစစ်တင်ပြ သည့် ၄၀ ဦးအား ဗဟိုကော်မတီမှ နည်းဥပဒေ လုပ်ထုံး လုပ်နည်း များနှင့်အညီ စိစစ်သုံးသပ် အကြံပြု၍ ယင်းသုံးသပ် စိစစ်ချက်များအရ လျှောက်ထားသူ များကို လူတွေ့ မေးမြန်း အကဲဖြတ်၍ ခွင့်ပြုရန် သင့်/မသင့် အတည်ပြုပြီးပါက ဆက်လက်တင်ပြ ခွင့်ပြုချက်ရယူ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲ နေထိုင်ခွင့်စနစ်ကို နိုင်ငံအတွင်း ကာလရှည်ကြာစွာ လာရောက် နေထိုင်လိုသည့် ကျွမ်းကျင် ပညာရှင်များ ၊ ရင်းနှီးမြှုပ်နှံလိုသူများ ၊ နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်လိုသည့် မြန်မာနိုင်ငံသားဟောင်းများ အတွက် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ကျွမ်းကျင် ပညာရှင် ၊ ရင်းနှီးမြှုပ်နှံသူ ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်း ဆက်စပ်သော နိုင်ငံခြားသား စသဖြင့် အမျိုးအစား လေးမျိုး ခွဲခြား၍ နိုင်ငံတော်၏ လိုအပ်ချက် ၊ သတ်မှတ်ထားသော အမှတ်ပေး စံနှုန်းစနစ် တို့အရ စိစစ် သုံးသပ် ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.