Connect with us

Politics, Law & Military

မြန်မာနှင့် နီပေါ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ် Ishwar Pokharel တို့ အားအတူတကွတွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနှင့် နီပေါနိုင်ငံ နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ဆိုင်ရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း သဘောတူညီချက်ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး Mr. Pradeep Kumar Gyawali တို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါ ဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ စာချွန်လွှာအရ မြန်မာနှင့် နီပေါနိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြရန်နှင့် ခရီးသွားလုပ်ငန်းမြှင့် တင်ရေး၊ စိုက်ပျိုးရေးခရီးသွား လုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ ပို့ဆောင်ရေး နှင့် ကုန်သွယ်ရေးကဏ္ဍ စသည့်အလားအလာကောင်းသည့် ကဏ္ဍများတွင် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားကြရန် သဘောတူခဲ့ ကြကြောင်း သိရသည်။

ထို့အပြင် နှစ်နိုင်ငံ အကြား အတွင်းဝန်အဆင့်တွင် ပူးတွဲဆွေးနွေးမှုယန္တရားတစ်ရပ် တည်ထောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နီပေါဝန်ကြီးချုပ် ကေ၊ ပီ၊ ရှာမာ အိုလီနှင့် တွ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အဆိုပါဆွေးနွေးပွဲ၌ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်သွားရောက်နိုင်ရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွေ့အကြုံများ ဖလှယ် ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် နီပေါနိုင်ငံ ခရီးသွားလာရေးနှစ်တွင် ဘုရားဖူးခရီးစဉ်များ မြှင့်တင်ရေးအတွက် တိုက်ရိုက်လေကြောင်းပျံသန်းမှု စတင်သွားနိုင်ရေး ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် မိတ်ဖက်နိုင်ငံများအဖြစ် အပြန်အလှန်လက်တွဲ ဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E.Mr. K.P.Sharma Oli ၏ ဖိတ်ကြားချက်အရ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက် နေ့အထိ နီပေါနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.