Connect with us

Politics, Law & Military

မြန်မာ့ ရေပိုက်နက်အတွင်း ထိန်းသိမ်း ရမိခဲ့သည့် ဘင်္ဂါလီ လူမျိုးများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟုဆို

တပ်မတော်ရေမှ ထိန်းသိမ်းရမိခဲ့သည့် ဘင်္ဂါလီလူမျိုးများအား တွေ့မြင်ရစဉ် (ဓာတ်ပုံ - မြဝတီ)

ရန်ကုန် ၊ ဇူလိုင် ၁၄ ရက်(ဆင်ဟွာ)

မြန်မာ့ ရေပိုက်နက်ဖြစ်သည့် တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်း မြို့နယ်အတွင်းရှိ စောင်းကောက်ကျွန်း၌ ဘင်္ဂါလီလူမျိုး ၁၀၂ ဦးကို တပ်မတော်ရေမှ ထိန်းသိမ်းရမိခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ထိန်းသိမ်း ရမိသော ဘင်္ဂါလီ လူမျိုးများအား စစ်ဆေး မေးမြန်းချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကျပန်းနှင့် အလုပ်ကြမ်း လုပ်ကိုင်သူများဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘင်္ဂါလီလူမျိုး ၃ ဦးက လစာကောင်းသည့် အလုပ်အကိုင်ရရှိမည်ဟု စည်းရုံးပြောဆိုပြီး မလိုက်လိုသူများအား တုတ်၊ ဓား များဖြင့် ရိုက်နှက်ပြီး ခြိမ်းခြောက်၍ ခေါ်ဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ် မေလ ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အုန်းကျွန်း အနီးမှ လှေကြီး ၁ စီးဖြင့် ထွက်ခွာလာခဲ့ရာ လှေပေါ်တွင် လူမျိုးမသိ လှေသား ၈ ဦးနှင့် သေနတ် ၂ လက်ပါရှိမှုကို တွေ့ရှိရသည်။

ဇွန်လဆန်းပိုင်းတွင် စောင်းကောက်ကျွန်းသို့ ရောက်ရှိခဲ့ပြီး ရောက်ရှိချိန်တွင် ပွဲစား ၂ ဦး ပါဝင်ကြောင်း၊ ၁၀ ရက်ခန့် ကြာမြင့်ချိန်တွင် ပွဲစား၂ ဦးက ကျွန်းပေါ်ရှိ လူများအား မလေးရှားနိုင်ငံသို့ ပို့ဆောင် ပေးနိုင်ရန် ဘင်္ဂလားဒေ့ရှ် ငွေ ဒါကာ ၂ သိန်းခွဲ ပေးရမည်ဟု ပြောကြားပြီး မိဘဆွေမျိုးများနှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ တောင်းယူ ဆက်သွယ်ကာ ငွေမပေးပါက သတ်ပစ်မည့် ပုံစံမျိုးဖြင့် ပြောကြား၍ တုတ်ဖြင့် ရိုက်သံများ တဖက်မှ ကြားစေရန် ပြုလုပ်ခဲ့သည်။ တောင်းခံသော ငွေများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပွဲစား ၁ ဦးက ငွေပေးမည့်သူများ၏ အိမ်များနှင့် ဆက်သွယ်၍ ငွေလက်ခံ ရရှိကြောင်း အကြောင်းပြန်ကြား မှသာ ကျွန်းပေါ်ရှိပွဲစား ၂ ဦးက မလေးရှားနိုင်ငံသို့ ဦးစားပေး ပို့ဆောင်မည့် အုပ်စုအဖြစ် သီးခြားခွဲထားရှိသည်။ ၁၀ ရက်တွင် ၁ ကြိမ်ခန့် လှေငယ်ဖြင့် ရိက္ခာများ လာရောက် ပို့ဆောင်လျက်ရှိပြီး ဦးစားပေး ပို့ဆောင်မည့် အုပ်စုမှ လူများကို ပြန်လည် သယ်ဆောင် သွားကြောင်း သိရှိရသည်။

ကော့သောင်း မြို့နယ်အတွင်းရှိ စောင်းကောက်ကျွန်း (ဒေသအခေါ် ဒယ်အိုးကျွန်း) ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့် အကွာတွင် ဇွန် ၃၀ ရက် ညပိုင်းအချိန်တွင် ဘင်္ဂါလီလူမျိုး ၁ ဦးအား ဆယ်တင်ရရှိခဲ့ပြီး စစ်ဆေး မေးမြန်းချက်များအရ စောင်းကောက်ကျွန်းဟု ယူဆရသော ကျွန်းပေါ်တွင် ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်း သိရှိရသည်။ တပ်မတော်ရေမှ စစ်ရေယာဉ်များဖြင့် ဇူလိုင် ၂ ရက်မှ စတင်၍ စောင်းကောက်ကျွန်း ပတ်လည်ကမ်းခြေနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား ရှင်းလင်း ရှာဖွေခဲ့ရာ ရာသီဥတု ဆိုးရွားမှုနှင့် လှိုင်းများ ကြီးနေသဖြင့် ရှာဖွေ ရှင်းလင်းခြင်း လုပ်ငန်းများ ခေတ္တ ဆိုင်းငံ့ ခဲ့ရသည်။ ဇူလိုင် ၉ ရက်တွင် ရှာဖွေရှင်းလင်းခြင်း လုပ်ငန်းအား ဆက်လက် ဆောင်ရွက်ခဲ့ပြီး စောင်းကောက်ကျွန်း အတွင်းပိုင်းသို့ ဝင်ရောက် ရှင်းလင်းခဲ့ရာ ဘင်္ဂါလီလူမျိုး အမျိုးသား ၄၅ ဦးအား ထိန်းသိမ်းရမိသည်။ ဇူလိုင် ၁၁ ရက်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၄၉ ဦး အား လည်းကောင်း၊ ဇူလိုင် ၁၂ ရက်တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၈ ဦး အား လည်းကောင်း ထပ်မံ ထိန်းသိမ်း ရမိခဲ့သည်။ စောင်းကောက်ကျွန်းနှင့် အနီးပတ်ဝန်းကျင်ရှိ ကျွန်းများအား တပ်မတော်က ဆက်လက် ရှင်းလင်း ရှာဖွေလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.