Connect with us

Politics, Law & Military

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း၍ နယ်စပ်ဒေသများတွင် မှုးယစ် ဆေးဝါး တိုက်ဖျက်ရေး နှင့် လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ထိုင်းနိုင်ငံ တရားရေးဝန်ကြီး၏ အကြံပေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ရုံး (ONCB) အကြံပေးတို့တွေ့ဆုံ ဆွေးနွေးစဉ်(ဓာတ်ပုံ- Ministry of Border Affairs)

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်း၍ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်နှင့် ဘိန်းစိုက်ပျိုးမှု စွန့်လွှတ်တောင်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် ထိုင်းနိုင်ငံ တရားရေးဝန်ကြီး၏ အကြံပေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ရုံး (ONCB) အကြံပေး Mr . Permpong Chaovalit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့ယနေ့စက်တင်ဘာ ၂၉ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စီမံကိန်းရန်ပုံငွေ ဘတ်သန်း (၃၅၀) ဖြင့် ထိုင်းနိုင်ငံ မယ်ဖာ့လုံ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံမှ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ တာချီလိတ်နှင့် မိုင်းဆတ်ဒေသများတွင် အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိသည့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်မှုဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသရှိပြည်သူများအတွက် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်ကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.