Connect with us

Politics, Law & Military

မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးစံများ ဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌဒုတိယဝန်ကြီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ-- နယ်စပ်ရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ လူမျိုးစုရေးရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌဒုတိယဝန်ကြီး H.E.Mr .Dinh Que Hai ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် စက်တင်ဘာ ၆ရက် က တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးစံများ ဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် နယ်စပ် ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံ အဆောက်အဦများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ရေ၊ မီး အစရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင် ရွက် ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လူငယ် သင်တန်းကျောင်းများ၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်များ ဖွင့်လှစ်၍ သင်ကြား ပို့ချမှု အခြေအနေများ၊တိုင်းရင်းသား များအတွက် အ လုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် အတွက် အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းများ၊ စက်မှုလက်မှု သင်တန်းကျောင်းများ၊ ခေတ်မီမော်တာ အထည်ချုပ် သင်တန်းများနှင့် ဂျပ်ခုတ် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေမှု အခြေအနေများ၊နှစ်နိုင်ငံ တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ ဖလှယ် ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ် စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးစုများ အတွက် ဆင်းရဲမှု လျှော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ဦးတည် ဆောင်ရွက် ပေးနေမှု အခြေ အနေများ၊နှစ်နိုင်ငံအတွင်း ဆောင်ရွက်လျက် ရှိသည့် တိုင်းရင်းသား ရေးရာ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ တိုင်းရင်းသား ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်နိုင်ရေး ကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်း ဖ လှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.