Connect with us

Politics, Law & Military

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဝင်၊ ထွက်ဂိတ်များ ဩဂုတ် ၈ ရက်တွင် ဖွင့်မည်

မြန်မာ- အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ချစ်ကြည် ရေးတံတားအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်၊ ထွက်ဂိတ်များ ဩဂုတ် ၈ ရက်တွင် ဖွင့်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်များအပြင် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်၊ ထွက်ဂိတ်များအဖြစ် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ ထီးခီး-ဖူနာရွန် စသည့် နယ်စပ်ဝင်၊ ထွက်ဂိတ်များလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၊ ပြည်ပခရီးသွားများ လွယ်ကူအဆင်ပြေစွာ ဝင်၊ ထွက် သွားလာလျက်ရှိကြောင်း သိရသည်။

မေ ၁၁ ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီး မစ္စဆူရှ မာဆွာရာဂ်ျတို့သည် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မြန်မာအိန္ဒိယ နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ရာ စာချုပ်လက်မှတ်ရေးထိုးအပြီး ရက်ပေါင်း ၉၀ အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၌ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်၊ ထွက်ဂိတ်များ သတ်မှတ်ဆောင် ရွက်ကြ ရမည်ဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်အရ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား တမူး-မိုရေးနှင့် ရိဒ်ခေါဒါရ်-ဇိုခေါသာတို့အား နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များအဖြစ် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ယင်း နယ်စပ်ဝင်၊ ထွက်ဂိတ်များ ဖွင့်လှစ် ပြီးပါက သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှထုတ်ပေး သည့် ပြည်ဝင်ဗီဇာနှင့် e-Visa ပါရှိသော မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊ သက်ဆိုင်ရာနိုင်ငံ၏ မြန်မာနိုင်ငံ သံရုံးမှ ထုတ်ပေးသည့် ပြည်ဝင် ဗီဇာ (သို့မဟုတ်) e-Visa ပါရှိသည့် အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသား မဟုတ်သည့် အခြားနိုင်ငံခြားသား(တတိယ နိုင်ငံသား)များသည် မြန်မာနိုင်ငံသို့ လည်းကောင်း ဝင်၊ ထွက် သွားလာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသူများအနေဖြင့် မည်သည့်အပြည်ပြည် ဆိုင်ရာ ဝင်၊ ထွက်ပေါက် များမှမဆို ပြည်ပသို့ ပြန်လည်ထွက်ခွာ ခွင့်ပြုမည်ဖြစ်ကြောင်း နှင့် သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံသားများအား ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် အဆိုပါအပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်၊ ထွက် ပေါက်များတည်ရှိရာ နယ်စပ်ဒေသ၌ နေထိုင်သူ မြန်မာနှင့် အိန္ဒိယနိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border-pass) ဖြင့် နယ်စပ်မျဉ်းမှ ၁၆ ကီလိုမီတာအကွာ အဝေးအထိ ဝင်၊ ထွက်ခွင့်ပြုမည်ဖြစ်ပြီး တစ်ကြိမ် ဝင်၊ ထွက်ခွင့် အတွက် ၁၃ ညအိပ် ၁၄ ရက် ခွင့်ပြုမည်ဖြစ်သည်။ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် များဖြစ်သည့် တမူး-မိုရေးနှင့် ရိဒ်ခေါဒါရ်-ဇိုခေါသာ နယ်စပ်ဂိတ် နှစ်ခုအား ဩဂုတ် ၈ ရက်တွင် တစ်ပြိုင်တည်း ဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များအား အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန Website ဖြစ်သည့် www.mip.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.