Connect with us

Politics, Law & Military

ရေယာဉ် မောင်းသူများသတိပြုရန် ဆောင်ရန် ၊ရှောင်ရန်အချက်များ အား ရေကြောင်းရဲတပ်ဖွဲ့မှထုတ်ပြန်

ဒလ-ပန်းဆိုးတန်းသို့ ပြေးဆွဲနေသည့် ရေယာဉ်တစ်စီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

မိုးရာသီရေကြောင်းသွားလာမှု အန္တရာယ် ကင်းရှင်းရေး အတွက် ရေယာဉ် မောင်းသူများသတိပြုရန် ဆောင်ရန် ၊ရှောင်ရန်အချက်များ အား ရေကြောင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့မှ မိုးရာသီအတွင်း ရေကြောင်းသွားလာမှု အန္တရာယ် ကင်းရှင်းရေးနှင့် ရေယာဉ်များကြပ်မတ်စစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ရေယာဉ်မောင်းနှင်သူများ သတိပြုရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များအား ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် အရက်သေစာသောက်စားပြီး စက်လှေမောင်းနှင်ခြင်း မပြုရန်၊

သတ်မှတ်လူဦးရေ၊ ကုန်ချိန်ထက်ပို၍ တင်ဆောင်ခြင်းမပြုရန်၊ရာသီဥတုဆိုးရွားပြီး မိုးမှောင်ကျသည့်အခါ အချက်ပြဆက်သွယ်ရန်အ တွက် ခရာ၊ ဓာတ်မီး စသည့်အချက်ပြကိရိယာများ ယူဆောင်ရန်၊

အသက်ကယ်ဘောကွင်းများ၊ လှေအကူများထားရှိရန်၊ရေယာဉ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအတွက် အသက်ကယ်အင်္ကျီ (တစ်ဦးလျှင် တစ်ခုကျစီ) ယူဆောင်ရန်၊

ရေယာဉ်တွင် စီးနင်းလိုက်ပါသည့် ခရီးသည်များအတွက် အသက်ကယ် လှေ/ဖေါင်များ လုံလောက်စွာပါရှိရန်၊

ရေယာဉ်တွင် ပါရှိရမည့် ပစ္စည်းများ ပြည့်စုံစွာထားရှိရန်၊စက်တပ်ရေယာဉ်မောင်းသူများ လိုက်နာရမည့်အချက်များ၊ ရေယာဉ်မောင်း နှင်ခြင်း ဆိုင်ရာ ဥပဒေသများနှင့်အညီ မောင်းနှင်ကြရန်၊

စက်တပ်ရေယာဉ်မောင်းသူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်အုပ်ချုပ် သူများအနေဖြင့် အရေးပေါ်ဖြစ်သည့်အခါ လိုက်နာဆောင်ရွက်ရမည့် အချက်များအား သိရှိလိုက်နာဆောင်ရွက်သွားကြရန်နှင့် ဇာတ်တိုက်လေ့ကျင့် မှုများအား အခါအားလျော်စွာ ဆောင်ရွက်သွားကြရန် ဟူ၍ ပါရှိသည်။

မိုးရာသီအတွင်း ရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်းရေးအတွက် ရေယာဉ်မောင်းနှင် သူများအနေဖြင့် ရေကြောင်းရဲတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန်အချက် များနှင့် အညီ တိကျစွာလိုက်နာဆောင်ရွက်သွားရန်တိုက်တွန်းနှိုးဆော်အပ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.