Connect with us

Politics, Law & Military

မြဝတီခရိုင်အတွင်း ခြောက်လအတွင်း မူးယစ်ဆေးဝါး တရားခံ ၁၀၄ ဦးဖမ်းဆီးအရေးယူနိုင်ခဲ့

(၃၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မြဝတီခရိုင်အတွင်း ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လ ၂၃ ရက်နေ့အထိ မူးယစ်ဆေးဝါး တရားခံ ၁၀၄ ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား ၅၈၃၆၅ ပြား၊ အိုက်(စ်) ၁ ဒဿမ ၀၁၁ ကီလို၊ ဆေးခြောက် ၂၀၅ ဒဿမ ၈၁ ဂရမ် နှင့် တရားခံ ကျား ၈၄ ဦး၊ မ ၂၀ ဦး၊ စုစုပေါင်း ၁၀၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ သောင်ရင်းခန်းမတွင် ၂၀၁၈ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဇွန် ၂၆ ရက် ၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ကရင်ပြည်နယ်အတွင်း၌လည်း ၂၀၁၇-ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှ ၂၀၁၈-ခုနှစ် ဇွန်လ ၂၀ ရက်နေ့ထိ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် အမှုပေါင်း (၅၂၀)မှုမှ (ကျား)တရားခံ(၆၅၂) ဦး၊ (မ)တရားခံ (၁၂၇) ဦး၊ စုစုပေါင်း(၇၇၉) ဦးတို့အား စိတ်ကြွရူးသွပ်ဆေးပြား(၂၃)သိန်းကျော်၊ စိတ်ပြောင်းဆေးဝါး ထိုးဆေး (၄၀၀၀)လုံး၊ အိုက်စ်(၂ဒသမ၆၅)ကီလို၊ ဘိန်းစာရွက်(၂၄၅၀)ဂရမ်၊ လက်နက်မျိုးစုံ(၃၁)လက်၊ လက်ပစ်ဗုံး(၂၆)လုံး၊ ကျည်မျိုးစုံ(၄၁၀)တောင့်၊ လက်လုပ်မိုင်း (၁)လုံး၊ မော်တော်ယာဉ်(၇၀)စီး၊ ဆိုင်ကယ်(၁၃၇)စီး၊ မြန်မာငွေ(၁၈၆)သိန်းကျော်၊ ထိုင်းဘတ်ငွေ (၇)သောင်းကျော် တို့နှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.