Connect with us

Politics, Law & Military

ယုဇနဥယျာဉ်မြို့တော်၌ ကျပ် သိန်း ၁၄၀ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ယုဇနဥယျာဉ်မြို့တော်အားတွေ့ရစဉ်(ဓာတ်ပုံ -အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ယာ၌ ကျပ် သိန်း ၁၄၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရသည်။

သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ သတင်းအရ ဒဂုံဆိပ်ကမ်း မြို့မရဲစခန်း ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ရှာဖွေဝရမ်း အမှတ်(၁ဝဝ/၂ဝ၁၆)ဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၄) ရပ်ကွက် အင်ကြင်းလမ်း တိုက်(၃၈) အခန်း(၁ဝ၁) C ဘလောက် နေ မမြတ်ဆုမာ နေအိမ်အား ဝင်ရောက်ရှာဖွေရာ၌ အဆိုပါ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အိမ်၏ တတိယမြောက် အိပ်ခန်းအတွင်းရှိ ဝက်ဝံရုပ် (ဖြူ/ဝါကျား) အတွင်းမှ Love is Flower တံဆိပ်ပါ အပြာရောင် ဆပ်ပြာခွက် ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါကျားမှုန့် တစ်ခွက်လျှင် ၁၃ ဂရမ်ရှိ ဆပ်ပြာခွက် နှစ်ခွက်၊ ပန်းရောင် ဆပ်ပြာခွက် ငါးခွက်၊ အနီရောင် ဆပ်ပြာခွက် သုံးခွက် စုစုပေါင်း ၁ဝ ခွက် အလေးချိန် ၁၃ဝ ဂရမ် ကာလတန်ဖိုး ငွေကျပ် သိန်း ၁၂ဝ တန်ဖိုးရှိ အမှုန့်များ၊ တိပ်အစိမ်းရောင်ဖြင့် ပတ်ထားသည့် ပလတ်စတစ်အိတ် အတွင်းမှ အပြာရောင် ပိုက်ဆံအိတ်ဖြင့် ထည့်လျက် တစ်ထုပ်လျှင် ၂ဝဝ ပြားစီပါ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၄ဝဝ (စုစုပေါင်း အလေးချိန် ၄ဝ ဂရမ်) ကာလတန်ဖိုး ငွေကျပ် ၁၂ သိန်း၊ နေအိမ် အိပ်ခန်းအတွင်းရှိ အလူမီနီယံ ဗီရို ဒုတိယထပ် အတွင်းမှ ပန်းပွင့်များပါ မိန်းမဝတ် အင်္ကျီဖြင့် ထုပ်လျက် JINNY တံဆိပ်ပါ ချောကလက်ဘူး အတွင်းမှ ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါကျား အမှုန့် တစ်ဘူးလျှင် ၁ ဒသမ ၃ ဂရမ်ခန့်ပါ ခုနစ်ဘူး (စုစုပေါင်း အလေးချိန် ၉ ဒသမ ၁ ဂရမ်) ကာလတန်ဖိုး ငွေကျပ် ၉၁ဝဝဝဝ ကို တွေ့ရှိ၍ သိမ်းဆည်း ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မမြတ်ဆုမာကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.