Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသော ဒေသခံများအတွက် ငွေနှင့် အသုံးအဆောင်များ ထောက်ပံ့ပေးအပ်

တိုက်ပွဲရှောင်နေမိသားစုများအား ထောက်ပံ့ငွေပေးအပ်စဉ်(MOI)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသော ဒေသခံများကို ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန အနေဖြင့် တိုက်ပွဲရှောင်များ စတင်ရောက်ရှိခဲ့သည့် (၈-၁၂-၂၀၁၈)ရက်မှ (၁၈-၃-၂၀၁၉)ရက်အထိ ရခိုင် ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦး မြို့နယ်နှင့် မင်းပြားမြို့နယ်များရှိယာယီခိုလှုံရာစခန်း (၄၇)ခုတွင် တိုက်ပွဲရှောင်အိမ်ထောင်စု (၂၄၈၄)စု၊ လူဦးရေ (၁၀၆၉၄)ဦးအတွက် ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်း (ကျားလုံ ချည်၊ မလုံချည်၊ တီရှပ်၊ တဘက်၊ ပလတ်စတစ်ဖျာ၊ စောင်) နှင့် သေဆုံး/ဒဏ်ရာရ ထောက်ပံ့ကြေးများ ပံ့ပိုးလျက်ရှိရာငွေစုစုပေါင်း (၁၇၉,၆၄၀,၅၇ဝိ/-) ထောက်ပံ့ ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ် စစ်ပွဲရှောင်ပြည်သူများအတွက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အိမ်ထောင်စု (၂၆၅၅)၊ လူဦးရေ (၁၁၃၆၃) ဦးအတွက် ငွေကျပ်သန်းပေါင်း (၁၀၂ ဒသမ ၂၆၇) ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

လက်ရှိ တိုက်ပွဲရှောင် စခန်းများတွင် (၂၀-၃-၂၀၁၉)ရက် စာရင်းများအရယာယီနေထိုင်လျက် ရှိသောတိုက် ပွဲရှောင် အိမ်ထောင်စု (၂၆၅၅)စု၊ လူဦးရေ(၁၁၃၆၃)ဦးအား ဆန်ရိက္ခာ ဖိုးဖြစ်စေ၊ ဆန်ဖြစ်စေလက်ဝယ် အရောက် စနစ်တကျ ထောက်ပံ့ပေးသွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

တိုက်ပွဲများ ဖော်ဆောင်မှုများကြောင့် တိုက်ပွဲရှောင် ဒေသခံများ ဒုက္ခများစွာ ကြုံတွေ့ရကြောင်း၊ ဒေသခံများခိုလှုံနေရသော တိုက်ပွဲရှောင် စခန်းများသို့ စနစ်တကျ ထောက်ပံ့ပေးနိုင်ရေးကြိုး ပမ်းဆောင်ရွက်ထားရှိကြောင်း နှင့် ပိုမိုထိရောက် စေရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။

ရခိုင်ပြည်နယ်တွင် လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်နေရသော မိသားစု များအား စနစ်ကျပြီး လက်ဝယ် အရောက်ထောက်ပံ့နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်း အဝေးခန်းမတွင် မတ် ၂၁ ရက်၌ ကျင်းပခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ၊ဒုတိယ ဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။(Xinhua)