Connect with us

Politics, Law & Military

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁ဦးသေ၊ ၁၁ ဦး ဒဏ်ရာရရှိ

ငပုတောမြို့၌ တိမ်းမှောက်သွားသော ယာဉ်အားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့၌ မတ် ၂၁ ရက်က ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁ဦးသေ၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ငပုတောမြို့နယ်၊ ပုသိမ်-မော်တင်ကား လမ်း မိုင်တိုင်(၇၂/ဝ-၁)ကြား တောင်ကုန်းအတက်၌ ခရီးသည် ၁၇ ဦးလိုက်ပါလာသော ယာဉ်သည် နောက်ပြန်လျှောကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အခင်းဖြစ်ပွားရာနေရာ၌ တစ်ဦးသေဆုံးပြီး ကျန် ၁၁ ဦးသည် ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာများရရှိသဖြင့် ကျုံကူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ယာဉ်မောင်းအား ကျုံကူးနယ်မြေရဲစခန်းမှ ယာဉ်(ပ)၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန် နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.