Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ရှိ ပင်လယ်ကမ်းစပ်၌ စက်လှေတစ်စီးနှင့် လူ ၁၀၄ ဦး တွေ့ရှိ

ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ အငူမော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်တွင် ဇွန် ၁၁ ရက်နေ့ နံနက် ၇နာရီ ၄၅မိနစ်တွင် စက်လှေတစ်စီးနှင့် လူ ၁၀၄ဦး ကို စိစစ်တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယင်း ပင်လယ်ကမ်းစပ်တွင် စက်လှေတစ်စီးနှင့် လူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ နံနက် ၁၁ နာရီ မိနစ်၂၀ ခန့်တွင် သာစည် ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ စက်လှေ အလျား ပေ ၄၀၊ အနံ ပေ ၂၀၊ ဇောက် အနက် ၆ ပေရှိ ဝမ်းဗိုက်ထက်ခြမ်းကွဲ ပျက်စီးနေသော စက်လှေ တစ်စီးနှင့် အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၀၄ ဦးတို့အား စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အစ္စလာမ်ဘာသာဝင် ၁၀၄ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မော်တော် ယာဉ် ၄ စီးဖြင့် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ရာ ညနေ ၅ နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်မှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ် မေ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သင်္ဘောကွေ့ ကျေးရွာအနီး ပင်လယ်ပြင်တွင် လှေစီးဒုက္ခသည် ၂၂၈ ဦး တွေ့ရှိခဲ့သဖြင့် စိစစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀၈ ဦး ပါဝင်နေကြောင်း တွေ့ရှိရသဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ် ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၁၅ ခုနှစ် မေ ၂၉ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အရှေ့တောင်ဘက် ပင်လယ်ပြင်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီး ဒုက္ခသည် ၇၃၄ ဦး တွေ့ရှိခဲ့ရသဖြင့် လူသားချင်း စာနာထောက် ထားမှု အကူအညီများ ပေးအပ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.