Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် သိန်း ၃၉၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားခံနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖေဖော်ဝါရီ ၁၀ရက်က ငွေကျပ် သိန်း ၃၉၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သောသတင်းအရ သိရသည်။

မောင်တောမြို့၊ ဓါးရှည်ကျေးရွာရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း လူနှစ်ဦးအား တွေ့ရှိပြီး စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြားများအား ဗလီကျောင်း၏အနောက်ဖက် ခြုံအတွင်းဆာလာအိတ်များဖြင့် သိုဝှက်ထားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

သို့ဖြစ်၍ အခင်းဖြစ်နေရာအား သွားရောက်ရှာဖွေရာ ဆာလာအိတ် အဝါရောင်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅,ဝဝဝ ပြား (ဒေသကာလပေါက်ဈေး ငွေကျပ် သိန်း ၃,၉ဝဝ တန်ဖိုး)တို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားခံများအား ပြင်ဖြူ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များအား ဆက်လက် ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.