Connect with us

Politics, Law & Military

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ 9MM THAI ARMS ကျည်အတောင့်၅၀၀ နှင့် .22 ကျည် ၁,၄၅၀ တောင့် သိမ်းဆည်းရမိ

ဖမ်းဆီးရမိသူအား သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ 9MM THAI ARMS ကျည်အတောင့်၅၀၀ နှင့် .22 ကျည် ၁,၄၅၀ တောင့်တို့ ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၀၉း၀၀နာရီ နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်၌ မူးယစ်တပ်ဖွဲ့စု(၂၄)မှ မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေးနေစဉ် နောင်ချိုမြို့ မှ သီပေါမြို့သို့ ဇေယျာမင်း(ခ)သားကြီး(၃၀)နှစ်မောင်းနှင်လာသော 5P/xxxx Mark-II ယာဉ် (လိုင်စင်မဲ့)အား ရှာဖွေရာ ယာဉ်နောက်ခန်း စပယ်ယာဘီးထည့်သည့် ဝဲ/ယာဘောင် အတွင်းမှ ပလပ်စတစ်ကော်ဘူးဖြင့် ထည့်ထားသော 9MM THAI ARMS ကျည်အတောင့် ၅၀၀ နှင့် အပြာရောင် စက္ကူဘူးဖြင့် ထည့်ထားသော .22 ကျည် ၁,၄၅၀ တောင့်တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်မေးရာ အဆိုပါကျည်များဖမ်းဆီးရမိသည့်ယာဉ်မှာယောက်ဖဖြစ်သူ လှိုင်ဦး(၃၃)နှစ် (စိစစ်ဆဲ)က လှမိုး(ခ)စိုင်းလှမိုး(၂၄)နှစ်ထံ ပို့ဆောင်ခ ငွေ ၂၂၀,၀၀၀ ကျပ်ဖြင့် သီပေါမြို့အထိ ပို့ဆောင်ခိုင်း၍ ဘားအံ- ဝေါ- ဖြူး- နေပြည်တော်- မိတ္ထီလာ- ပြင်ဦးလွင်-နောင်ချို လမ်းအတိုင်း သီပေါမြို့သို့ မောင်းနှင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ၁၂း၃၀ နာရီတွင် ဇေယျာမင်း(ခ)သားကြီးအား နောင်ချိုမြို့မရဲစခန်း (ပ)၃၃/၂၀၁၉၊ ရှမ်းလက်နက်ပုဒ်မ ၁၂(ဂ) ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းနောက် ၁၆း၀၀နာရီတွင် သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင် ဦးစီးအဖွဲ့သည် အဆိုပါ အမှုမှ ကွင်းဆက်တရားခံ လှမိုး(ခ)စိုင်းလှမိုးနှင့်အတူ စိုင်းဆိုင်ဖ(၂၂)နှစ်တို့ ၂ ဦးအား သီပေါမြို့ အုတ်ကျင်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ ငါးကန်အနီး၌ ဖမ်းဆီးရမိခဲ့သဖြင့် နောင်ချိုမြို့မရဲစခန်းသို့ အပ်နှံခဲ့ပြီး စိုင်းဆိုင်ဖအား စစ်မေးရာ ၎င်းသည် အဆိုပါကျည်များအား ပြန်လည်ရောင်းချရန်အတွက် အကိုဝမ်းကွဲ လှမိုး(ခ)စိုင်းလှမိုးအား မှာယူခဲ့ကြောင်း၊ လှမိုး(ခ) စိုင်းလှမိုး အား စစ်မေးရာ ၎င်းသည် အဆိုပါကျည်များအား ညီဝမ်းကွဲ စိုင်းဆိုင်ဖမှ မှာယူသဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တရားမဝင်လမ်းမှတဆင့် သွားရောက်၍ ငွေကျပ် ၃၅ သိန်းဖြင့် ဝယ်ယူခဲ့ကြောင်း၊ 5P/xxxx Mark-II ယာဉ်အား မြဝတီမြို့မှ ငွေကျပ် ၃၂ သိန်းဖြင့် ဝယ်ယူခဲ့ပြီး ကျည်များအား ယာဉ်နောက်ခန်း စပယ်ယာဘီးထည့်သည့် ဝဲ/ယာဘောင်အတွင်း၌ ၎င်းကိုယ်တိုင် သိုဝှက် ထည့်သွင်းခဲ့ကြောင်း၊ အဆိုပါယာဉ်အား သီပေါမြို့သို့ ပို့ဆောင်ပေးရန် လိုင်စင်မဲ့ကား ပို့ဆောင်သူ လှိုင်ဦး(စိစစ်ဆဲ) ကော့ကရိတ်မြို့နေသူထံ ပို့ဆောင်ခ ၈၇၀,၀၀၀ ကျပ်ဖြင့် အပ်နှံခဲ့ကြောင်း ထွက်ဆို သဖြင့် လှိုင်ဦးအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ် ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.